Pete's pov
ဖမ်းခံရတာ နောက်တရက်ပြည့်တဲ့နေ့..
မြေဖြူတို့ မီးသွေးခဲတို့ ရှိရင်ကောင်းမှာပဲ..Sirius Black လို Azkaban မှာ ထောင်ကျခဲ့တဲ့ နေ့ရက်တွေကို နံရံမှာ ခြစ်ထားပီးရေတွက်ချင်လို့... အဲ့လူ ဘယ်လိုများ Dementor တွေလက်ကနေ လွှတ်အောင် လုပ်ခဲ့လဲမသိဖူးဗျာ...
ဘယ်လိုပြောရမလဲတော့ မသိပေမဲ့ အခုကျတော့ အနေအထားက သူနဲ့အတူတူပဲလို့တောင် ခံစားနေရတယ်..
<t/n : Harry Potter ကြည့်ဖူးတဲ့သူတွေ ဟယ်ရီရဲ့ခေါင်းကိုင်ဖခင် ခွေးအနက်အဖြစ်ပြောင်းလို့ ရတဲ့လူကြီးကို မှတ်မိကြတယ်ဟုတ်>Vegas လား?? သူကတော့ မနက်ကတေ နေ့လည်ထိ ရုံးခန်းထဲမှာ တကုပ်ကုပ်နဲ့ အလုပ် လုပ်.. နေ့လည် ကနေ ညထိ သူ့အဖေနဲ့ လိုက်သွားပီး ကုမ္ပဏီ ကိစ္စတွေလိုက်လုပ်...ပုံစံကြည့်ရတာကတော့ သားအဖနျောက် ကျတော် Kinnကိုပို့လက်တဲ့ အချက်အလက်တွေဟာ အမှားတွေဆိုတာကို ပြန်ချေပဖို့ ကြိုးစားနေကြတာထင်တယ်..
ပင်မအိမ်တော်ကလည်း တခုခု ကြိုးစားနေတဲ့ပုံပဲ.. သိချင်မိတာလေးတခုက သူတို့အားလုံး Pete ဆိုတဲ့ လူသားလေးကိုရော သတိတရ ရှိသေးရဲ့လား ဆိုတာပါ...// ကျွီ //
မှန်တံခါးပွင့်သံကြားတော့ အတွေးစတွေကိုဖြတ်ပီး ဘယ်သူဝင်လာသလဲဆိုတာ လှည့်ကြည့်လိုက်သည်.."Pete...သခင်လေးVegas က မင်းနဲ့ဖုန်းပြောချင်လို့တဲ့"
Nop က ဖုန်းတစ်လုံးကို ကမ်းပေးလာရင်း ဆိုလာသည်... ဖုန်းကို မြင်တော့ ကျတော့ မျက်လုံးတွေက အရောင်တလက်လက် ထသွားရပေမဲ့ ခဏပါပဲ -"ပျော်နေတဲ့ အခွက်ကြီးကို သိမ်းထားလိုက်.. သခင်လေးVegas က ဖုန်းပြောနေစဉ် တောက်လျှောက် ငါ့ကိုစောင့်ခိုင်းထားတယ်.. တခုခုလုပ်ကြည့် ပစ်ခံရမယ်"
Nop က အပေါ်ထပ်အင်္ကျီကို အနည်းငယ် မ ပီး ခါးမှာထိုးထားသည့် သေနတ်ကို လှပ်ပြသည်..သူ့ပုံစံကြောင့် ကျတော် မျက်လုံးလှိမ့်လိုက်ပီး ဖုန်းကို ယူကာ နား နားကပ်လိုက်သည်..
"ဘာလဲ?"// မင်း ဘာစား ချင်လဲ? //
Vegas က Nop ခြိမ်းခြောက်စကားကို ကြားပီး သဘောကျစွာရီနေသည်မို့ သူပြောလိုက်တာ သိပ်မရှင်း..."ဟမ်..ဘာရယ်?"
// မင်းဘာစားချင်လဲ လို့ မေးလိုက်တာ..စားချင်တာ ဝယ်ခဲ့ပေးမလို့ //
YOU ARE READING
Vegas x Pete
Romance🌹 ZawGyi Version 🌹 KinnPorsche novel series ထဲက side couple ဖြစ်တဲ့ vegas x pete တို့ရဲ့ side storyပါ I got the permission to translate this story into Burmese from English Translator. If u want to read it in English, the story is under the Author...