Ep 32

92 12 0
                                    

Pete's Pov

ဖုန်းချပီး ၁နာရီလောက်ကြာတော့ Vegas က လက်၂ဖက် မှာ အထုတ်ပလုပ်တွေနဲ့ သူ့နောက်မှာ ဟိုအရူးကောင်ကလည်း ပန်းကန်ခွက်ယောက်တွေ သယ်ပီး ဝင်လာကြသည်...Nop က ပန်းကန်အလွတ်တွေ စားပွဲပေါ်တင်ခဲ့ပေးပီးသည်နှင့် ထွက်သွားခဲ့သည်..

Vegas လက်ထဲက အစားအသောက်ထုပ်တွေထဲကနေ ဟင်းရံ၂ပွဲ နှင့် ထမင်းဖြူ ၂ထုပ် ကို ကျတော် ရွေးယူထားခဲ့ပီး ကျန်တာကို Vegas က ကျတော်စားချင်တဲ့အချိန်ထစားလို့ရအောင် ရေခဲသေတ္တာထဲ ထဲ့ပေးထားသည်..
ပန်းကန်ထဲ ဟင်းတွေ လောင်းထဲ့နေချိန်မှာ မျက်နှာကြီး ဘယ်လောက်ဖြီးနေမိလဲဆိုတာတော့ မသိတော့ပါ..

ဘာမှဂရုမစိုက်နေတော့ပါဖူး ပန်းကန်ထဲက ထမင်းဖြူ ကိုဇွန်းနဲ့ အပြည့်ခပ်လိုက်ပီး ပါးစပ်ထဲတမြုံ့မြုံ့နဲ့ အရသာခံ ဝါးနေလိုက်တယ်...
Vegas က အခန်းထဲ ဟင်းအနံ့တွေ လုံနေမှာစိုးလို့ထင်တယ် ဝရန်တာ တံခါးတွေ ထဖွင့်ပီး ဆိုဖာနားပြန်လျှောက်လာကာ ကျတော် မျက်စိမှိတ် ပါးကြီးဖောင်းကာ အရသာခံစားနေပုံကို အကဲခတ်ကြည့်နေသည်..

"မင်းထူးဆန်းနေတယ်..ဒီထမင်းဟင်း တွေကျွေးပီးရင် နောက်ကျ ငါ့ကို သတ်တော့မလို့လား?"
Porsche နဲ့ အတူနေရတာ များတော့ အကျင့်ကပါပီး ပါးစပ်ဆိုးလေးက ထွက် ထွက်လာတယ်..

"အရင်မျိုချ..ပါးစပ်ထဲအစာ အပြည့်နဲ့ စကားမပြောနဲ့"
ရေကရားထဲကနေ ရေတခွက် ငဲ့ပေးပီး ကျတော့ဘေး ဆိုဖာပေါ် လာထိုင်ချသည်..

"GodDamn it!!!"
ကျတော့ဆီက အသံတွေ ကြားတော့ Vegas က ခေါင်းငဲ့ကြည့်လာပီး -
"အဲ့သလောက် အရသာရှိတာလား? ကိုယ်ဝယ်လာခဲ့တဲ့ ဂျပန်အစားအစာတွေကော မစားချင်ဖူးလား?"
Vegas က ဆိုဖာနောက်မှီကို လက်တင်ပီး သက်သောင့်သက်သာ ထိုင်နေသည်..

"အရသာရှိတာပေါ့...အအီအဆိမ့် အဆီတွေ စားနေရတာ ငြီးငွေ့လှပီ.. ပီးတော့ Holy Sh*t!! ဒီဆိုင်က လက်ရာကောင်းချက်!!"
ပန်းကန်ထဲက Kua Kling နဲ့ ဝက်ချိုချဉ်ကို ချီးမြှောက်လိုက်ပီး ဒါကမှ ဘဝရဲ့ အရသာအစစ်ကွ!

 ပီးတော့ Holy Sh*t!! ဒီဆိုင်က လက်ရာကောင်းချက်!!"ပန်းကန်ထဲက Kua Kling နဲ့ ဝက်ချိုချဉ်ကို ချီးမြှောက်လိုက်ပီး ဒါကမှ ဘဝရဲ့ အရသာအစစ်ကွ!

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Vegas x PeteWhere stories live. Discover now