Ep 54 Final

228 8 0
                                    

Vegas's POV

(၆)လ ခန့်ကြာသော် ~

လွန်ခဲ့တဲ့ရက်အနည်းငယ်ကစပီး Pete အပြုအမူတွေ စထူးဆန်းလာလို့ နေရတာတမျိုးကြီးဖြစ်လာတယ်.. သူက အခန်းထဲမှာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေလိုက်၊ ခေါင်းကိုကိုင်ပီး နားထင်တွေကို ဖိထားလိုက် နဲ့ သူ့ပုံစံက ရူးတော့မဲ့လူအတိုင်းပဲ...
ကျတော်က မေးလိုက်ရင်လည်း ဘာမှပြန်မဖြေပဲ ခေါင်းယမ်းပြရင်ယမ်း မဟုတ်ရင်လည်း ဘာမှမဟုတ်ဖူး လို့ ဖြေရင်ဖြေနဲ့...
အမှန်အတိုင်းဝန်ခံရရင် သူ့အပြုအမူ နဲနဲလေးပြောင်းတာနဲ့ ကျတော့်မှာ အတော်စိတ်ပူပန်နေရပီ.. Pete က ကျတော့်ဘဝမှာ အရေးအကြီးဆုံးမို့.

"Pete...တခုခုဖြစ်နေတာလား?"

Pete က ငြိမ်ငြိမ်လေးထိုင်နေရင်း သူ့ရင်ခွင်ထဲမှာတယုတယပွေ့ထားတဲ့
ကလေး ကို နို့ဗူးကနေ နို့တိုက်ပေးနေတယ်... ကလေးလေးကလည်း Pete မျက်နှာကို မျက်လူံးပြူးကြီးတွေနဲ့ မျက်တောင်မခတ်တဲ့အလား ကြည့်နေပီး ကျတော့်နည်းတူ သူ့မေမေကို  'ဘာဖြစ်နေတာလဲ?' လို့ မေးချင်နေတဲ့အလားပဲ..

"ဘာမှမဖြစ်ပါဖူး"
Pete က သွက်သွက်ပြန်ဖြေရင်း ခေါင်းလည်းယမ်းပြကာ နို့စို့နေတဲ့ ကလေးကိုပဲ ပြန်ငုံ့ကြည့်နေတယ်..

ကျတော်နဲ့ Pete အတူရှိခဲ့တာ အခုဆို လပေါင်းများစွာ ရှိခဲ့ပီ.. ကလေးလေးတောင် မကြာခင် စကားတွေ စပြော
တတ်တော့မယ်... ဒါပေမဲ့ ခုထက်ထိ Pete ရဲ့ အာရုံစိုက်မှုတွေကို ပိုရနေတဲ့ ဒီကလေးကောင် ကို အသားမကျနေသေးဖူး!!
ဒီကလေးကို မနာလိုဖြစ်ရတယ်!!
တအားကို မနာလိုဖြစ်ရတာ!!
၂၄နာရီမှာ Pete က Venice အတွက် နာရီ ၂၀လောက် အချိန်ပေးတယ်လေ ကြည့်ကြအူး!!
၂နာရီကို အိပ်ပီး နောက်၁နာရီကိုလည်း ရေချိုးပေး အရုပ်တွေ အတူဆော့ပေးနဲ့..... ကျတော့်အတွက် ၁နာရီ ပဲ ပေးတယ်တဲ့ဗျာ...ကဲ!!!
ကလေးထိန်းငှါးလိုက်ကြဖို့ ကျတော် ခဏခဏ တောင်းပန်ပေးမဲ့ Pete က လုံးဝ လက်မခံဖူး..
Baby Venice ကို သူ့လက်၂ဖက်နဲ့ပဲ ကြီးပြင်းတဲ့အထိပြုစုပျိုးထောင်မယ်တဲ့လေ...
ရံဖန်ရံခါတော့ Baby Venice ကို ပင်မအိမ်တော် ဆီပို့ခဲ့ပီး ကျတော်နဲ့အတူ ကုမ္ပဏီလိုက်ခဲ့ကာ အလုပ်တွေကူပေး အဖော်ပြုပေးပါတယ်...
Pete က ကလေးကို ကောင်းကောင်းမွန်မွန်ကြီးလာစေချင်တယ်သာပြောနေတာ သူတခါတလေသွားအပ်ထားတဲ့ ပင်မအိမ်တော်ကိုပဲ တချက်ကြည့်လိုက်အူး!! တအိမ်လုံး အရူးတွေချည်းပဲ!!! ကလေးရဲ့ အနာဂတ်က လန်းနေတော့မှာ တကယ်ကိုပဲ!!!
<t/n : ကိုဗေးကတ်ရယ် သများကို တအားပြော၊ ရှင်လည်း အတူတူပဲကို 🤣>

Vegas x PeteWhere stories live. Discover now