Pete's Pov
Vegas ရေချိုးခန်းထဲဝင်သွားသည်နှင့် စားပီးသားပန်းကန်ကို စားပွဲပေါ်တင် ထိုနေရာတဝိုက်ကို အခန်းသန့်ဖြန်းဆေးနဲ့ သေချာ အနံ့အသက်ပျောက်သည်အထိ ဖြန်းလိုက်သည်..
နာလည်းနာ ပင်ပန်းလည်းပင်ပန်းနေပီမို့ Vegas စိတ်ဆိုးလာစေမဲ့ ဘယ်အရာမှ ကျတော်အဖြစ်မခံနိုင်ပါ..ခွေးကောင်Vegas က ရေချိုးခန်းထဲကထွက်လာပီး ညအိတ်ဝတ်စုံလဲ ခေါင်းကို တဘက်နဲ့သုတ်နေပေမဲ့ သူ့အကြည့်တွေက အိပ်ရာပေါ်မှာစာဖတ်နေသော ကျတော့ဆီက တချက်မှမခွါ..
သူ့အကြည့်တွေက ခံစားရပေမဲ့ မသိကျိုးကျွန်ပြုကာ လက်ထဲကစာအုပ်ကိုပဲငုံ့ဖတ်နေလိုက်၏
အခန်းထဲယောင်ချာချာနဲ့ပျင်းနေတာမို့ စာအုပ်စင်ကနေစာအုပ်အချို့ယူဖတ်ဖြစ်မိသည်..သူ့စာအုပ်အများစု က English တွေနဲ့ရေးထားတာမို့ သိပ်တော့အဆင်မပြေ..
အခုဖတ်နေတာက 'ဘဝနေထိုင်နည်း အတွေးအခေါ်' စာအုပ်..
ဒါကိုဖတ်ပီးသွားတော့ ဘဝအတွက် ရည်မှန်းချက်အသစ်တွေပါ ချမှတ်မိကုန်ပီ! သေပါတော့!"စာအုပ်ဖတ်ရတာ ကြိုက်တယ်လား?"
"မကြိုက်ဖူး"
ကျတော် တုံးတိပဲပြန်ဖြေလိုက်သည်..
တကယ်လည်း စာဖတ်ရတာ မကြိုက်ပါဖူး..ဒါပေမဲ့ အခန်းထဲမှာ ဒါ့အပြင် ဘာလုပ်စရာရှိသေးလို့လဲ? အကျဉ်းသားတွေရဲ့ဘဝကို ကျတော် စာနာမိနေပါပီ..Vegas အခန်းထဲက ထွက်သွားပီး Laptopနှင့်စာအုပ်အချို့ ကိုယူကာ ပြန်ဝင်လာခဲ့သည်..
Laptop နဲ့ စာအုပ်တွေကို စားပွဲပေါ်သေချာအစီအရီချပီး လူက sofa ပေါ်ထိုင်ကာ တခုခုကို စတင် စာရိုက်နေတော့သည်.."Pete...ဒီကို လာခဲ့ပါအူး"
"..."
ဖတ်လက်စ စာအုပ်ကိုချပီး Vegas ရှိရာ sofa ဆီသို့ လျှောက်သွားလိုက်သည်.."မင်းပုံစံက ထူးဆန်းနေတယ်..တခုခုအဆိပ်သင့်တာများ စားမိထားတာလား? မင်းနေမကောင်းဖြစ်နေတာလား?"
Vegas က ကျတော့ လက်ကနေဆွဲချကာ သူ့ဘေးနားထိုင်စေပီး ကျတော့နဖူးပေါ်လက်တင် စမ်းသပ်နေသည်..ချီး..ငါတော့ စိတ်တွေယောက်ယက်ခတ်လာပီ..
"ပူလည်းပူမနေပါဖူး..မင်းဒီနေ့တအား နာခံနေတာပဲ"
ဘာအဖျားမှမရှိတာစမ်းမိတော့ သူကမျက်မှောင်ကျုတ်ကာ အံ့အားတသင့်ဆိုလာသည်..
YOU ARE READING
Vegas x Pete
Romance🌹 ZawGyi Version 🌹 KinnPorsche novel series ထဲက side couple ဖြစ်တဲ့ vegas x pete တို့ရဲ့ side storyပါ I got the permission to translate this story into Burmese from English Translator. If u want to read it in English, the story is under the Author...