Pete's Pov
"အိုးးး အဲ့တော့ မင်းကပါ ငါယောကျာ်းတွေကိုပဲ ကြိုက်နေတာ မှားတယ်လို့ ပြောချင်တာပေါ့..ဟုတ်လား?"
"မဟုတ်ပါဖူး..."
စိတ်ငြိမ်ငြိမ်ထား၊ သူ့ကို သွားရန်မစနဲ့ Pete!
ကျတော့်ရဲ့ တဖက်ခြမ်းကတော့ -
'မင်းငရဲပြည်ဆင်းချင် ကွကိုယ်ဆင်းလေ၊ လူတိုင်းကိုမင်းနဲ့အတူ ဆွဲခေါ်မနေနဲ့...မင်းဟာမင်း အရူးအလုပ်တွေလုပ်နေလိုက် ငါကတော့ အေးဆေးပဲ..'
အဲ့သလိုကို ထုတ်ပြောပစ်ချင်နေတာပါ..."ဟက်..ငါသိပါတယ်..သိမ်းကျုံး မပြောသင့်ဖူးဆိုတာ..ဒါပေမဲ့ ငါမိန်းမတွေကို တအားမုန်းတယ်..ငါသိတတ်စ ကလေးအရွယ်ကတည်းက ငါ့အမေဟာ သူတို့ကြောင့် မျက်ရည်နဲ့ ပြတ်ခဲ့တဲ့ရက် ဆိုတာ မရှိခဲ့ဖူး..."
"..." <Pete တိတ်တိတ်ပဲနေ>
"အမေ့ကို ငိုအောင်လုပ်ခဲ့တဲ့ အဲ့မိန်းမတွေကိုမုန်းတယ်..ပင်မစံအိမ်တော် ထက်တောင် ပိုမုန်းတယ်...ငါ့ဘဝကို အခုလို ဖြစ်လာအောင် လုပ်ခဲ့တဲ့ လူတွေအကုန်လုံးကိုလည်း မုန်းတယ်"
"ပင်မစံအိမ်တော် က မင်းကို ဘာတွေလုပ်ခဲ့လို့လဲ!?"
သူ့စကားကြားတော့ ကျတော် မနေနိုင်မထိုင်နိုင် မေးမိပြန်သည်.."ငါ့အမေဘာကြောင့် သူ့ကိုယ်သူ သတ်သေခဲ့ရလဲ မင်းသိလား? ပင်မစံအိမ်တော် က သူမ ကို စွပ်စွဲပြောဆိုခဲ့လို့"
"ဒါပေမဲ့...မင်း ကိစ္စတွေကို တခုနဲ့တခု ခွဲပီးမြင်ရမယ်လေ..အဲ့ကိစ္စက ဖြစ်ခဲ့တာလည်း ကြာပီဖြစ်သလို အဲ့တာကလူကြီးတွေကြားက ကိစ္စတွေမလား?"
ကျတော်ခွန်းတုံ့ပြန်မိသည်...သက်တောင့်သက်သာ နဲ့ ဘဝကို ဖြတ်သန်းရင်ရရဲ့သားနဲ့ဒီမျိုးမစစ်ကောင်ကတော့ ... သူများတွေ မင်းထပ်ဆိုးတဲ့ဘဝတွေတောင် ဖြတ်သန်းနေရတာကွ..
ဆုတောင်းပေးပါတယ်..နောက်ဘဝကျရင် ဘဝကဆိုးတယ်ဆိုတဲ့အစစ်အမှန်အရသာကို မင်းခံစားရပါစီ..
<T/N : Vegas ငယ်ငယ် အရွယ် ၊ သခင်ကြီးတွေလက်ထက်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ခုထိ မကျေမချမ်းနိုင် ကလဲ့စားလိုက်ချေဖို့ကြိုးစားနေလို့ Pete ကပြောတာ>"ဟက်...မင်းကလေ ပင်မစံအိမ်တော်ရဲ့ တကယ့် သစ္စာခံ တျောက်ပဲ.. တအားကို သစ္စာရှိတာ.. မသိရင် မင်းက Kinn ရဲ့ မိန်းမ ကျလို့"
YOU ARE READING
Vegas x Pete
Romance🌹 ZawGyi Version 🌹 KinnPorsche novel series ထဲက side couple ဖြစ်တဲ့ vegas x pete တို့ရဲ့ side storyပါ I got the permission to translate this story into Burmese from English Translator. If u want to read it in English, the story is under the Author...