Ep 6

89 8 0
                                    

Pete's pov

Bang!!
ရုံးခန်းတံခါးကိုကျယ်လောင်စွာတွန်းဖွင့်ပီး စိတ်ဆိုးမာန်ဆိုးနှင့် Big တျောက် ဝင်လာခဲ့တော့ ဗီရိုတံခါးကို အသာလေးဟပီး သေချာအောင်ချောင်းကြည့်လိုက်မိသည်..

"ငါဒီမှာပဲ သူ့ကိုစောင့်မယ်"
Big သူ့နောက်က ကပ်လိုက်လာတဲ့ သက်တော်စောင့်ကို အပြတ်ပြောလိုက်သည်..

"သခင်လေးVegas က မင်းကို ဒီအိမ်မှာ တွေ့ဖို့ခွင့်မပြုတာသိသားနဲ့"

Big က စိတ်ဆိုးစွာဖြင့်
"အဲ့တော့ ဘာဖြစ်လဲ? မင်းငါ့ကို ဒီအခန်းထဲမှာထားသွားလိုက်လေ..သခင်လေးKinn က နေ့တိုင်းရက်တိုင်း သံသယတွေတိုးလာနေတာ..ပီးတော့ မစ်စတာTawan ကလည်း ဘာေ-ာက်လုပ်တွေလုပ်နေတာလဲ?"

"မင်းဒီကိုဘာလို့လာရတာလဲ? ခုတလော Pete က သခင်လေးVegas နောက်လိုက်နေတာ မင်းသိရဲ့နဲ့..မင်းဒီအိမ်ထဲဝင်လာတာသာ သူမြင်ရင် သခင်လေးKinn လည်း သိပီပဲကွ"

ကျတော်မျက်လုံးစိုမှိတ်မိတော့သည်..ခန့်မှန်းထားတဲ့အတိုင်း Vegas က ကျတော်သူ့ကို နောက်ယောင်ခံနေတာကို တောက်လျှောက်ကို သိနေခဲ့တာ..

"ငါလခွမ်း! ငါလုံးဝ မစောင့်နိုင်တော့ဖူး!"

"မင်းထွက်သွားရမယ်! ငါ့ကို အင်အားသုံးရအောင်မလုပ်စမ်းနဲ့"

သူတို့နျောက်အတော်ကြာ ငြင်းခုန်နေကြပီး နောပ်ထပ်အသံတခု ထပ်တိုးလာချိန်မှာတော့ ကျတော် အသက်တောင်အောင့်ထားလိုက်မိတော့သည်

"Big! မင်းဒီမှာ ဘာလာလုပ်နေတာလဲ?"

ဘုရားသခင်..ငါတော့သေပီ! ဘလိုလုပ် Vegas က ပြန်ရောက်လာရတာလဲ?

Big က ချက်ချင်းပင် Vegas ရဲ့လက်မောင်းကိုဆွဲကာ
"သခင်လေး Vegas..ကျတော့ကို ကူညီပါအူးဗျာ"

Vegas က သူ့နောက်မှာရှိနေတဲ့ သက်တော်စောင့် ၄ယောက်ကို လှည့်ကြည့်ပီး
"မင်းတို့ သွားလိုက်တော့"

"ထွက်သွားလို့ပြောနေတယ်"
Vegas က တွေဝေနေတဲ့ သက်တော်စောင့်တွေကို ဒေါသကြီးစွာ ထပ်အော်လိုက်ပီး သူ့မျက်နှာတခုလုံးကလည်း မည်းပုပ်နေတော့သည်..မျက်လုံးတွေကလည်း အလျှံတညီးညီးနှင့် ကျတော်မြင်နေကျ Vegas နဲ့ လားလားမှ မဆိုင်..

Vegas x PeteWhere stories live. Discover now