Ep 13 : It's not Free
Pete's Pov
မျက်နှာပေါ်ကို ဖြတ်တိုက်သွားသည့်လေပြည်လေအေးလေးတွေကို မျက်စိမှိတ်ခံစားရင်း ရင်တွင်းက အပူတွေလည်း တဖြေးဖြေးချင်းပျောက်ကွယ်လာသည်...
အဝေးတစ်နေရာကို မှန်းမျှော်ကြည့်ရင်း အမှောင်ထုကလည်း တစ်စတစ်စ ကြီးစိုးလာသည်..
ကျွန်တော်အခုရပ်နေတဲ့ နေရာက မြို့အစွန် တစ်ခုရဲ့ ကမ်းပါး နားမှာဖြစ်ပြီး ကမ်းပါးအောက်မှာတော့ တောအုပ်တစ်ခုရှိသည်... အသံဗလံဟူ၍ အင်းဆက်ငယ်လေးတွေ တကျီကျီအော်နေသံကလွဲ ဘာသံမှမရှိ ၊ ကျောပေးထားသည့် လမ်းမ မှာလည်း ကားတစ်စီးတစ်လေတောင် ဖြတ်သွားတာ မရှိ ... ဘေးမှာတော့ ကျွန်တော့်လို တစ်ထပ်တည်းခံစားနေရသူ သခင်လေးKinn ရှိနေပါသည်..."မနာဖူးလား..?"
သခင်လေး Tay က ကျွန်တော့်နဖူး နဲ့ မျက်နှာပေါ်ရှိ သွေးတချို့ကိုမြင်ပြီး သူကိုယ်တိုင် တစ်ရှူးစိုတွေထုတ်ကာ သုတ်သင်ပေးနေသည်...
Ray နဲ့ ကျွန်တော့်ကား ကို ရှေ့ကနေ ပိတ်ရပ်လိုက်သည့်ကားထဲတွင် သခင်လေးKinn နဲ့ သခင်လေး Tay သာ ပါလာခြင်း ... တခြား သက်တော်စောင့်တွေတစ်ယောက်မှ မပါလာ ..."Thank you"
တည်ငြိမ်နေပြီဖြစ်သော နှလုံးသားဖြင့် သခင်လေးTay ကို ကျေးဇူးတင်စကားဆိုလိုက်၏..."Arm က Tankhun နားကနေ ခွါလို့မရဖြစ်နေတော့ သူက ငါ့ကို အကူအညီတောင်းပြီး Kinn ကိုအကြောင်းကြားပေးဖို့ ၊ လိုက်သွားဖို့ အကူအညီတောင်းခဲ့တာ ... ဘာမှတော့ စိတ်မပူပါနဲ့ Pete ... အခုဖြစ်နေတာတွေက ဘာတွေဆိုတာ ငါ လုံးဝ မသိပါဖူး ..."
Tay ရဲ့ အာမခံစကားကြောင့် ကျွန်တော် စိတ်သက်သာရာရစွါ သက်ပြင်းတစ်ချက် ချလိုက်သည်....
အခုတစ်လော Tay က ဘာကြောင့်မှန်းမသိ Tankhun နဲ့ အပေါက်လမ်းတဲ့ ၊ ဓါတ်ကျပြီး တပူးပူး တတွဲတွဲ ဖြစ်နေတယ် ...
Tay ကို တောင် Arm က ဖွင့်ပြောပြီး လိုက်ခိုင်းခဲ့တယ်ဆိုတော့ ၊ Arm ကျွန်တော့်အတွက် အတော်စိတ်ပူနေခဲ့လို့ပဲ..."မင်း ... ဘာတွေသိထားလဲ.. Pete?"
သခင်လေးKinn ဖက်က စပြီး စကားစလာတယ်..."..."
ဖြေရမှာ အဆင်မပြေ ၊ ကို့ရို့ကားယားနိုင်လွန်းလို့ ကျွန်တော် အသံတိတ်သာ နေလိုက်၏...
YOU ARE READING
Vegas x Pete
Romance🌹 ZawGyi Version 🌹 KinnPorsche novel series ထဲက side couple ဖြစ်တဲ့ vegas x pete တို့ရဲ့ side storyပါ I got the permission to translate this story into Burmese from English Translator. If u want to read it in English, the story is under the Author...