Ep 33

104 13 0
                                    

Pete's Pov

"ဟပ်ချိုး!!"
ဒီနေ့မနက်ထလာကတည်းက နှာချေနေခဲ့တာ ခု နှာခေါင်းတွေပါနီလာတဲ့အထိပဲ..နှာရည်ယိုနေနဲ့ နှာခေါင်းက ညစ်ရလိုလို အပူတောင်လောင်ချင်နေပီ.. လူကလည်းမူးနောက်နောက် နဲ့...

"အဆင်ပြေရဲ့လား?"
ကုတင်ခေါင်းရင်းကို မှီထိုင်ရင်း Laptop တလုံးနဲ့ အလုပ်လုပ်နေသော Vegas...
ဒီနေ့ ရာသီဥတုကလည်း အုံ့မှိုင်းမှိုင်းနဲ့..
ခေါင်းကလည်း တဆစ်ဆစ်ထိုးကိုက်နေတာ..

"ရာသီဥတုက မိုးရွာချင်သလိုလိုဖြစ်နေလို့ နေရတာအဆင်မပြေဖြစ်နေတာထင်တာပဲ..မသိတော့ဖူး"
ဆိုဖာဘေးကစာအုပ်စင်ကို ကြည့်လိုက်ပီး အပြင်းပြေအောင် စာဖတ်ရမလား တွေးလိုက်သည်..
ပုံမှန်ဆို ဘယ်လိုရာသီဥတုဖြစ်ဖြစ် ကျတော် အဆင်ပြေခဲ့တဲ့သူပါ.. ဒီနိုင်ငံကအစကတည်းကလည်း နေပူမယ်၊မိုးရွာမယ် ၂မျိုးပဲ ရှိတဲ့နိုင်ငံ ပဲလေ..
ကြည့်ရတာ နေမထိ လေမထိ ရတာကြာလာတော့ခန္ဓာကိုယ်ကပြောင်းလဲလာပီး အထိခိုက်မခံဖြစ်လာတာထင်တယ်...

စာအုပ်စင်ပေါ်ကနေ ဘယ်စာအုပ်ဖတ်ရမလဲ အာရုံစိုက်နေတုန်း တောက်လျှောက် Vegas က မေးကိုအနည်းငယ်မော့ကာ ကျတော် လုပ်သမျှ စူးစိုက်ကြည့်နေသည်..

ချီး.. ဒီခွေးကောင်Vegas က ဒီရက်ပိုင်း အိမ်ကနေကို တဖဝါးမှမခွါဖူး.. အိပ်ခန်း ရုံးခန်း ဒါပဲကူးပီး တချိန်လုံး အနားမှာ ဝေ့သီ ဝေ့သီနဲ့ဆိုတော့ နေရတာ ကျဉ်းကျပ်လိုက်တာ...
တချိန်လုံးအနားမှာ လာနေနေတော့ လုပ်နေကျ သံကြိုးဖြတ်ဖို့ ပစ္စည်းရှာတာလည်း လုပ်မရ၊ လွှတ်ဖို့ နည်းလမ်းလဲ ကောင်းကောင်းတွေးမရ...
တကယ်ပဲ အပြင်ထွက်အလုပ် လုပ်စရာမရှိတော့ဖူးလား သူက?? စိတ်ညစ်လိုက်တာနော်...

ကိုယ့်အတွေးနဲ့ကိုယ် စာအုပ်စင်ကိုပဲကြည့်နေတာမို့ ဘေးနားVegas ရောက်လာပီး လာတို့မှ သတိထားမိပီး မော့ကြည့်လိုက်သည်..
"ရော့.."

"ဟမ်?"
ဆိုဖာပေါ်ကနေ သူကမ်းပေးလာတာတွေကို မော့ကြည့်လိုက်သည်..

"ဆေးသောက်လိုက်အူး"
လက်တဖက်မှာ ရေခွက်တခွက် ၊ နောက်တဖက်မှာ ဆေး အဝါရောင်အတောင့်လေး ၁တောင့်..

Vegas x PeteOù les histoires vivent. Découvrez maintenant