Ep 23

102 14 0
                                    

Pete's Pov

"မင်းအခန်းထဲမှာ အဲ့စာအုပ်တွေပဲ ဖတ်စရာရှိတာလေ..မင်းတစ်အုပ်တောင် ဖတ်ကော ဖတ်ဖြစ်လို့လား?"
သူ မကြားအောင် အသံတိုးတိုးနှင့် ပွစိပွစိ ရေရွတ်ပီးကျန်ခဲ့တော့သည်..

ရေချိုးခန်းတံခါးပိတ်သွားသည်ကိုမြင်သည်နှင့် သက်ပြင်းမောကြီးကို လွှတ်ထုတ်လိုက်ပီး နွမ်းလျစွာ sofa ပေါ် ခပ်လျှောလျောလှဲချလိုက်သည်...ဟူး....ရင်ထဲမှာဗလောင်ဆူအောင် ကြောက်နေပေမဲ့ မျက်နှာ အမူအရာမှာ မပေါ်မှာ မနဲထိန်းခဲ့ရသည်...အစကအဆုံး ရုတ်တရက်လေပြတ်ပီးသေမလိုဖြစ်ရာကနေ အောက်စီဂျင် ရုတ်တရက် ရလိုက်သလိုပဲ..

Khun နဲ့အတူ မိုးလင်းကနေမိုးချုပ် ကြည့်ခဲ့ရတဲ့ ဇာတ်လမ်းတွဲတွေကို ကျေးဇူးတင်မိပါပီ...သရုပ်ဆောင်တွေရဲ့အမူအရာ သရုပ်ဆောင်ချက်တွေက ဦးနှောက်ထဲသံမှိုကပ်စွဲထားသလိုထိကြည့်ခဲ့ရတာမို့ ခုလို သရုပ်ဆောင်နိုင်ခဲ့တာ..ပထမဆုံးအကြိမ်သရုပ်ဆောင်ခြင်း ဆိုတော့ နှလုံးက ခုန်လွန်းလို့ ပေါက်ကွဲထွက်တော့မလိုပဲ..

ခွေးကောင်Vegas က မျက်နှာသစ် ရေချိုး ညအိတ်ဝတ်လဲပီးသည်နှင့် Laptop စာအုပ်တွေကို ယူကာ sofa ဆီပြန်လာခဲ့သည်.. မနေ့ကလိုပဲ ကျတော်ကလည်း သူ့ကျောင်းအစီရင်ခံစာအတွက် စာစီစာရိုက်သည့်အပိုင်းမှာကူညီပေးရသည်...

Vegas က တချိန်လုံးဆိုဖာပေါ်ကနေ ကျတော့ကိုပဲ မမှိတ်မသုံ ငုတ်တုတ်ထိုင်ကြည့်နေတာမို့ မသိချင်ယောင်ဆောင်ကာ စာလုံးရိုက်တာတွေမှန်/မမှန်လည်း မသိတော့ပဲ ဇွတ်တွေဆက်ရိုက်နေမိသည်..
ဘာလို့အဲ့လိုကြီး လာစိုက်ကြည့်နေမှန်းလည်း မသိပါဖူး! လှည့်လည်းမကြည့်ရဲဖူး! စိုက်ကြည့်ခံရတာကို မသိသလို ဟန်ဆောင်နေရတာမို့ စိတ်ကဂဏှာမငြိမ်ချင်တော့..

Vegas လက်က ခေါင်းပေါ်မှာ ခပ်ဖွဖွပွတ်သပ်ပီးပုတ်ပေးလာတော့ လူကတကိုယ်လုံးတောင့်တင့်ပီး တံထွေးပါမြိုချမိသည်..ကျောရိုးတလျှောက်လည်း စိမ့်တက်ဘာသလိုလို..

"မင်းကလူကောင်းလေးပါ Pete"
Vegas နှုတ်ကနေ ထိုစကားထွက်လာတော့ ကျတော့ခေါင်းထဲ တွေးမိတာတခုကတော့ - 'သူ ငါ့လက်က ချိန်းကြိုးကိုလွှတ်ပေးတော့မှာလား?'
နောက်ဆုံးတော့ ငါ့ရဲ့ရိုးသားမှုနဲ့ ကောင်းမှုလေးကို မြင်ခဲ့ပီပေါ့..
မျက်လုံးတွေတဖျပ်ဖျပ်တောက်ရင်း ဆိုဖာပေါ်ကသူ့ကိုလှည့်ကြည့်ကာ -

Vegas x PeteWhere stories live. Discover now