Ep 30

98 13 0
                                    

Pete's Pov

ရုတ်တရက် ခါးကိုတွယ်ဖက်လာသောသူ့လက်နွေးနွေးတွေနှင့် နီးကပ်နေသော မျက်နှာတခုကြောင့် လန့်ပီးကုတင်ပေါ်က ပြုတ်ကျသွားသည်..

"Ouch!!!"

"သတိထား!!"
Vegas က သတိလှမ်းပေးလိုက်ပေမဲ့ ကျတော်ကတော့ ကြမ်းပြင်ပေါ်မှာတင်ပါးကိုပွတ်နေရပီ.. Vegas က ကုတင်ပေါ်ကနေ ငုံ့ကြည့်ပီး အလင်းဖျဖျပဲ ရှိတဲ့ အခန်းထဲမှာတောင် သူ့နှုတ်ခမ်းတဖက် တွန့်တက်သွားတာကို မြင်ဖြစ်အောင် မြင်လိုက်ရသေး၏... ဒီလိုတွေလုပ်ရင် ကျတော့် အားနည်းချက်ဆိုတာ သိရဲ့နဲ့ သက်သက်လာ စ တာ...

"အိုး...နာလိုက်တာ!!"

"ဘာတွေ တအားကြောက်သွားရတာလဲ?"

"လန့်သွားတာလေ..သရဲလားဆိုပီး.."
သူ့ကိုလန့်သွားတာလို့ မပြောချင်တာမို့ လျှောက်ပြောလိုက်သည်..

"ဟားဟား...ဘယ်လိုငတုံးလေးလည်း..ဒီလောပ်လွယ်လွယ်ကူကူကြောက်တတ်နေတာ"
ဟုတ်တယ်လေ ကြောက်တတ်တယ်...မကျေနပ်ရင် နေရာချင်းလဲကြည့်လေ ငါနဲ့..

"အိပ်မပျော်ဖူးလား? မင်း ဟိုဖက်လှိမ့် သည်ဖက်လှိမ့်နဲ့ ဖြစ်နေတာ"

"ဗိုက်ဆာလို့"

"ထပ်ပီးတော့လား?"
Vegas က သက်ပြင်းပါချသည်..
"ကိုယ်တို့အိမ်က အစားအသောက်တွေက မင်းဗိုက်လေးကို တကယ် မဖြည့်ပေးနိုင်ဖူးပေါ့"

"ဒီရောက်ကတည်းက ဆန်နဲ့တူတာ ဘာမှကို မစားရသေးတာလေ..ဆန်ပြုတ်ကလွဲပီး"
အစာအိမ်က တရက်ပီးတရက် မခံနိုင်တော့တာမို့ ကွန်ပလိန်း တက်ပစ်သည်...

"ဟားးးးး"
Vegas က ခြေကားယားလက်ကားယားဖြင့် ကုတင်ပေါ် ပက်လက်လန် လဲချပစ်တာတွေ့တော့ ကျတော် ကုတင်ပေါ်ပြန်တက်လာပီး သူ့ဖက်ခြမ်း ပြန်ရောက်အောင် တွန်းပစ်သည်..

"သွား!! ဟိုဖက်လှိမ့် ကိုယ့်ဖက်ခြမ်းမှာကိုယ်အိပ်"
Vegas က ကျတော် တွန်းပို့တဲ့အတိုင်း အသာနကြည် ရွေ့သွားခဲ့တယ်... မကြောက်နေနိုင်တော့ဖူး ဗိုက်ကဆာရတဲ့အထဲ ကုတင်ပေါ်ကပြုတ်ကျလို့ ဖင်ကလည်း နာနေပီ...

"ကျစ်!!"
ဝုန်းခနဲ ကုတင်ပေါ်ကထ ဖိနပ်ပါးကိုစီး မီးတွေဖွင့်ပီး အခန်းထဲက ထွက်သွားသော Vegas... ပါးစပ်ကလည်း ငြီးတွားနေသေး..

Vegas x PeteWhere stories live. Discover now