New Story Ep 01🚨🚨

343 11 0
                                    

"မင်းမလုပ်ခဲ့သင့်ဖူး...ဒီလိုမလုပ်ခဲ့သင့်ဖူး Vegas...လုံးဝဒီလိုမလုပ်ခဲ့သင့်ဖူး!!!"
လက်ထဲကသေနတ်ကို အချိန်အတော်ကြာတဲ့အထိ တင်းတင်းဆုပ်ထားမိတာမို့ Pete လက်တွေ နာကျင်နေပီ... သူ့တကိုယ်လုံးကလည်း တုန်ရီနေပီး မျက်နှာပေါ်မှာလည်း မျက်ရည်တွေက အဆက်မပြတ် ကျနေသည်...

"...Pete"
သူ့ချစ်သူ ရဲ့ အမူအရာ ပုံစံကို Vegas ကြည့်ရင်း ထိတ်လန့်နေမိသည်... မီးခိုးရောင်ရှပ်အင်္ကျီက တိုက်ပွဲဖြစ်ထားတော့ သွေးတွေ ချွေးတွေ နဲ့ စွန်းထင်းလို့ ...

"ပစ်လေ!! မင်း သတ္တိရှိရင် ပစ်ချလိုက်!!!"
ကြမ်းပြင်ပေါ်မှာ လက်၂ဖက်နောက်ပြန် အားပြုထောက်ထားရင်း ပြိုလဲနေတဲ့ ပုံစံနဲ့ Porsche က အော်သည်...
Pete ရဲ့သေနတ်ပြောင်းဝက Porsche ခေါင်းမှာ ချိန်ထားပီး ခလုတ်ပေါ်တင်ထားတဲ့ လက်ညှိုးကို ဆွဲညစ်လိုက်ဖို့ အတွင်းစိတ်ထဲက တခုခုက ခုခံနေ၏.

"Pete...သေနတ်ကို အရင် ချထားလိုက်နော်.."
Vegas က တဖြေးဖြေး ရှေ့တိုးလာပီး ကွဲအက်နေတဲ့ အသံနဲ့ တားမြစ်တယ်..

"မင်း ငါ့အနား မကပ်လာနဲ့!!!"
ဒေါသတွေမထိန်းနိုင်ဖြစ်လာတဲ့ Pete က သေနတ်ပြောင်းဝကို Vegas ဖက် လှည့်ချိန်လိုက်ပီး ရပ်ဖို့ ဟန့်လိုက်တယ်...
Pete ရဲ့ ဗလာသက်သက် ခံစားချက်မရှိတဲ့ အကြည့်တွေကို မြင်လိုက်ရတဲ့ တစ်ခဏ Vegas လုံးဝ တုန့်ဆိုင်းသွားရသည်...

"ငါတောင်းပန်ပါတယ်..."
Vegas နောင်တကြီးစွာ ရနေတဲ့ အသံနဲ့ တောင်းပန်တယ်... သူ့အသည်းထပ်မကွဲဖို့ ချစ်ရသူရဲ့ ဗလာသက်သက်မျက်ဝန်းတွေနဲ့ အကြည့်ခံနေရတာကို ရှောင်ရှားထားရသည်...
သူ့ကြောင့်...သူ့ကြောင့်ပဲ Pete ဒီလိုဖြစ်ခဲ့ရတာ...

ဒေါသတွေ နဲ့ အသိစိတ်တွေကြားထဲ လွန်ဆွဲပီး အာရုံစိုက်ဖို့ Pete မနဲ ကြိုးစားနေရချိန်မှာ Porsche က ရုတ်တရက်ထပီး Pete လက်ထဲက သေနတ်ကို ဆွဲလုတယ်...

"Damn it!!!"
Pete ကအားကုန်သုံးပီး သေနတ်ကို လွှတ်မသွားစေအောင် မြဲမြဲဆုပ်ကိုင်ထားကာ Porsche နဲ့ လုံးထွေးတိုက်ခိုက်နေတာမို့ အနောက်ကိုယိုင်ထွက်သွားပီး နံရံနဲ့ ကျောတိုက်မိသွားသည်...

"Porsche!!! ရပ်လိုက်!!!"
Vegas အမြန်ပြေးလာပီး လုံးထွေးတိုက်ခိုက်နေတဲ့ နှစ်ယောက်ကြား အတင်းဝင်သည်...

Vegas x PeteDove le storie prendono vita. Scoprilo ora