NewStory Ep 07 💡

79 5 0
                                    

Ep 07 : Let Me Out
((ငါ့ကို ထွက်ခွင့်ပြုပါ ...))

Vegas's Pov

"ဘာလို့ အစ်ကိုလတ် က သားထပ် လက်ဆောင်တွေ ပိုရတာလဲ မား??"

ကြင်နာတဲ့မျက်နှာ၊ ချိုသာတဲ့ အပြုံး ၊ မိုးကောင်းကင်ရဲ့ ချစ်ခင်နှစ်သက်မှုဖြင့် ရထားတဲ့ ပါးချိုင့် ၂ခု နဲ့ ထိုအမျိုးသမီးရဲ့ ပုံရိပ်ဟာ ကျွန်တော့်မျက်လုံးထဲ စွဲထင်ကျန်လျက်ရှိနေသည်...
ထိုအမျိုးသမီး ကျွန်တော့်အမေ ဟာ ကျွန်တော်အသက်ကလေးဘဝမှာတင် တိမ်းပါးသွားခဲ့သူ...

"Vegas ရဲ့ လက်ဆောင်တွေက နဲပေမဲ့ ပိုကြီးတယ်လေ... ဒီ စက်ရုပ်ကိုပဲကြည့်... အကြီးကြီး မဟုတ်လား?? ပီးတော့ ဒါက သားအရမ်းကြိုက်ခဲ့တဲ့ဟာလေ"
နွေးထွေးတဲ့ လက်တစ်ဖက်က ကျွန်တေည့်ခေါင်းကို ငြင်ငြင်သာသာ ပွတ်ပေးနေတယ်...

"ဒါပေမဲ့ အစ်ကိုအကြီးဆုံး ပြောတာကျတော့ - ကျွန်တော်ကလက်အောက်ခံအိမ်တော်ကမို့ ပင်မအိမ်တော်ထက် လက်ဆောင်နဲနဲပဲရတာတဲ့ ...
အဲ့ဒီ ပင်မအိမ်တော် ၊ လက်အောက်ခံအိမ်တော် တွေဆိုတာ ဘာတွေလဲဟင်?? မား??"

အမေ့မျက်နှာက နဲနဲ ညှိုးကျသွားပေမဲ့ အပြုံးချိုချိုလေးတွေကတော့ကျန်နေဆဲ...
"ပင်မအိမ်တော် ဆိုတာ အစ်ကိုအကြီးဆုံး ဆိုတဲ့သဘော ၊ ပင်မထောက်တိုင်ဆိုတဲ့ သဘောမျိုး... မိသားစုတစ်ခုကို မပြိုလဲအောင် ထိန်းသိမ်းကာကွယ် ပေးထားတာမျိုး သား"

"ဒါဆို သားရဲ့ အဖေက သားတို့ကို မစောင့်ရှောက်နိုင်တာမျိုးလား?? သား ဦးလေးခွန် ကို သဘောမကျဖူး မား.. အစ်ကိုကြီးတွေကိုလည်း သဘောမကျဖူး"
ကျွန်တော့်စိတ်ရင်းအမှန်ကို ဖွင့်ဟပြောဖြစ်ခဲ့တယ်...
ဆွေမျိုးတွေ ဖြစ်ကြပေမဲ့ အချိန်တိုင်း နှိုင်းယှဉ်ခံ ပြောခံ နေရတာကြီးက တကယ် အဆင်မပြေခဲ့ပါ.. ကျွန်တော် မနှစ်သက်ဖူး...

"မားတို့ အားလူံးက သွေးသားရင်းချာတွေ... အသက်တွေကြီး အရွယ်ရောက်လာရင် သီရာပန်ရာခွန် မိသားစုကြီးကိုအတူတကွ စောင့်ရှောက်ပေးကြရမှာ... တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ကြရမှာ..."
အမေက အသံချိုချိုလေးနဲ့ ကျွန်တော့်ကို သင်ကြား နားချနေဆဲ...

Vegas x PeteWhere stories live. Discover now