NewStory Ep 03🚨

136 6 0
                                    

Ep 03 : Getting Hurt
((နာကျင်နေရသည်...))

Warning ⚠️ လိင်မှုကိစ္စ၊ သေကြောင်းကြံစည်မှု နဲ့ ပက်သတ်တာမျိုးတွေ ပါသည်မို့ ၁၆နှစ်အောက်တွေ ရှောင်ပေးပါ🚨

Pete's Pov

"Pete...Pete...Pete!!"

ကျွန်တော့်စိတ်တွေက မိုင်ထောင်ချီကိုဝေးလွှင့်နေစဉ် တစ်စုံတစ်ယောက်ရဲ့ ဆက်တိုက်ခေါ်သံကြောင့် အသိပြန်ကပ်လာသည်...
ခေါ်နေသူက ကျွန်တော့်ရဲ့ best friend - Arm ...
Arm နဲ့ က မထင်မှတ်ပဲ ဆေးရုံမှာ လာတွေ့ကြတာ ... ကြည့်ရတာ သခင်လေးTankhun တစ်ခုခု အနာတရဖြစ်လို့နဲ့တူတယ်... သခင်လေးTankhun က ပုရွတ်ဆိတ်သေးသေးလေးကိုက်ခံရရင်တောင် ဒေါက်တာTop ကို တွေ့ဖို့အတွက် အသဲအသန် ပြေးလာမဲ့သူ...
အမ်း... သနားစရာ ဒေါက်တာTop ရယ်ပါ...

"မင်း အိုခေ နေရဲ့လား??"
Arm က ကော်ဖီတစ်ခွက်ကို ကမ်းပေးရင်း မေးတယ်...
သူကမ်းပေးတဲ့ ကော်ဖီခွက်ကို လှမ်းယူပီး လက်ပြန်ရုတ်ချိန် Arm က ကျွန်တော့်လက်ကို ပြန်ဆွဲပီး ဝတ်ထားတဲ့ အင်္ကျီအနက်ရဲ့လက်ကို ခေါက်တင်ကာ -
"ထပ်ဖြစ်ပြန်ပြီလား!?? Pete!??"

လက်ကောက်ဝတ်မှာရှိနေတဲ့ အညိုအမည်း ဒဏ်ရာက Arm မြင်ရလောက်အောင်ကို ကြီးမား သိသာနေခဲ့တာလား??

"မင်းကလဲ... ငါ ကိုယ့်ဟာကိုယ် လုပ်ထားတာပါ"
Arm လက်ထဲကနေ လက်ကို ပြန်ဆွဲထုတ်ပီး နောက်လက်တစ်ဖက်နဲ့ လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်၏...
Arm ဆီ က သက်ပြင်းမော ချသံကြီး နဲ့အတူ -

"Pete : နာကျင်ရတာကို ကြိုက်တဲ့သူ Vs Vegas : နာကျင်အောင်လုပ်ရတာကို ကြိုက်တဲ့သူ ... နှစ်ယောက်သားကတော့ လိုက်ဖက်နေတာပဲ.. ဒါပေမဲ့ Pete ... မင်းတကယ်ကော ပျော်နေရဲ့လား??"
Arm က ကျွန်တော့်ဘေးမှာ ဝင်ထိုင်ပီး သူ့ဝသီအတိုင်း ပေါက်ပေါက်ဖောက် လာပြန်တယ်.. ဒါကလည်း ကျွန်တော်တို့ တွေ့တိုင်း မေးနေကျမေးခွန်း...

"ငါပြောနေပါတယ်... ငါ့ဟာငါ လုပ်ထားတာပါဆိုကွာ"
လက်ထဲက ကော်ဖီခွက်ကိုသာ ကောက်မော့သောက်လိုက်ပီး ဘေးနားက သူငယ်ချင်း ပြောနေတာတွေကို မကြားချင်ဟန်ဆောင်လိုက်သည်..

"မင်းနဲ့ တွေ့တဲ့အချိန်တိုင်း မင်းကိုယ်ပေါ်က ဒဏ်ရာတွေက တစ်ခါတွေ့ တစ်ခါ ပိုပိုများလာတဲ့အကြောင်း ငါမမေးပဲ မနေနိုင်တော့ဖူး... မင်းတစ်ခုခု ပြောချင် ရင်ဖွင့်ချင်ရင် ငါ နဲ့ Pol ကအမြဲ ရှိနေမှာကို သိထားပေး Pete"
Arm က ကျွန်တော့်ကို အလေးအနက်ကြည့်ပီး ပြောနေတော့ သူ့ကို ပြန်ကြည့်ပီး တွေဝေနေစဉ် ဒေါက်တာ Top အခန်းထဲကနေ ထွက်လာကာ -
"Pete..."

Vegas x PeteWhere stories live. Discover now