NewStory Ep 15🚨

178 6 3
                                    

Ep 15 : I see your Satan, I see your Pain ...

အဆက် >> Master နှင့် Pete ပူးပေါင်းထားကြောင်းသိရှိခဲ့ ၊ Pete က ဆိပ်ကမ်းဘုတ်အဖွဲ့ဝင်တွေကို အကုန်သတ်ပြီး လက်မှတ်တွေယူနိုင်ခဲ့ ၊ Ray က Pete ဆီမှာ သစ္စာခံ >>

Pete's Pov

ဒီနေ့ ကျွန်တော်ချစ်တဲ့သူရဲ့ဖက်မှာ အခိုင်အမာရပ်တည်ပေးခဲ့ပြီ . သူမှားနေလား ၊ မှန်လား .. ဘာတွေပဲဖြစ်ဖြစ် ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဂရုမစိုက်ဖူး ..
ဒီနေ့ Pete PongSaKorn ဆိုတဲ့ ကျွန်တော် ... အမှောင်ဖက်ခြမ်းကို ထုတ်ပြခဲ့ပြီ .. ချစ်ရတဲ့သူတွေ ပျော်နိုင်ဖို့ အတွက်ဆို ဘာမဆိုလုပ်ရဲတဲ့
ကျွန်တော် ...

ကျွန်တော်ဖြင့် အစကတည်းက အမှောင်ဓါတ်ပါခဲ့ပြီးသား လူဖြစ်ရဲ့နဲ့ - အကြင်နာမဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို စလုပ်ဖို့ အတွက် အတော်အချိန်ယူ ၊ အကြာကြီးစဉ်းစားခဲ့ရသေးတာက ရှက်စရာကောင်းလှသည်...

မင်းမိသားစုအတွက် ရက်စက်ပြီး တစ်ကိုယ်ကောင်း တကယ်ဆန်တော့မှာလားလို့ မေးလာရင် ...
အဖြေက Yes ပါပဲ ..
နာကျင်မှုတွေ ၊ အမှားတွေ ၊ ဘဝသင်ခန်းစာတွေ နဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကျွန်တော် ၊ လောကကြီးက ကျွန်တော့်အပေါ် ကြင်နာမှုပြခဲ့တာ ခပ်ရှားရှား ...
လူတွေ ပြန်ပြုံးပြလာအောင် ကျွန်တော် အမြဲပြုံးပြနေခဲ့တာ မဟုတ်ဖူး ... ဒီအတိုင်း လောကကြီး ဘာဖြစ်ဖြစ် စောက်ဂရုကို မစိုက်တာဆိုပြီးအမြဲ နှလုံးသွင်းထားခဲ့လို့ ...

ကျန်တဲ့လူတွေ ကျွန်တော်တို့အပေါ် ဘယ်လိုမြင်မြင် ၊ ဘယ်လိုထင်ထင် .. ဂရုမစိုက်ဖူး ..
ကျွန်တော်ဂရုစိုက်တာက ကိုယ့်ကိုကိုယ် နဲ့ ရှေ့မှာ ရပ်နေတဲ့ ပုဂ္ဂိုလ် - ကျွန်တော်ချစ်ရသူ - Vegas တစ်ယောက်ထဲပဲ ...
နှလုံးသားတစ်ခုလုံးကော ၊ စိတ်ဝိဥာဏ်ပါ ရှေ့ကလူကို တွန့်တိုမှုမရှိ ပုံအောပေးမှာ ..

🍑

အိမ်တော်ပြန်ရောက် >>

အိပ်ခန်းထဲပြန်ရောက်ကြသည့်အချိန် Vegas က ကျွန်တော်စိတ်မကြည်မှန်းသိသည်မို့ ဆူခံရတဲ့ ခွေးပေါက်လေးလို ခေါင်းငိုက်စိုက်နဲ့ တဘက်တစ်ထည်ဆွဲယူပြီး ရေချိုးခန်းထဲဝင်ဖို့ ပြင်သည်...

Vegas x PeteTahanan ng mga kuwento. Tumuklas ngayon