Ep 14 : But I am ...
အဆက် >> Vegas အိမ်ကနေ ထွက်ပြေး
Vegas's Pov
"သတိရလာပြီလား?"
နွမ်းနယ်မှု ၊ လေးလံထိုင်းမှိုင်းမှုတွေနဲ့ မျက်ခွံတောင် မဖွင့်ချင် ...
ခန္ဓာကိုယ်ကို ဖြေးဖြေးချင်းလှုပ်ရှားရသည် ...
အမြင်အာရုံတွေပြန်ကြည်လာသည်နှင့် မြင်လိုက်ရတာက စိမ်းသက်သက် မျက်နှာကြက် တစ်ခု ...နောက်ဆုံးမှတ်မိခဲ့တာက - မြစ်အလယ် အလွန်မြင့်တဲ့ တံတားပေါ်မှာ မတ်တပ်ရပ်နေခဲ့တဲ့ ကျွန်တော်...
ဘယ်ကနေ ဘယ်လို တံတားပေါ်ထိ ရောက်လာသလဲတော့ မတွေးနိုင်တော့ဖူး ... အဲ့ဒီအချိန်ခေါင်းထဲမှာ ရှိနေတာက - Pete အပေါ် ကျူးလွန်ခဲ့မိတာတွေအတွက် ကိုယ့်ကိုကိုယ် ရွံရှာမုန်းတီး စက်ဆုပ်မိတာပဲ ...တံတားပေါ်ရောက်နေခဲ့ရခြင်းက??
ဟုတ်တယ် ... ကိုယ့်ကိုကိုယ် သတ်သေဖို့ ...
ဝိဉာဏ်မရှိ ၊ စိတ်ခံစားချက်မရှိ ၊ လူတစ်ယောက်တောင်မဟုတ်တော့သည့် ကိုယ့်ကိုကိုယ် အဆုံးသတ်ပစ်ဖို့ ...ဒါဆို အခုဘာလို့ Master ရဲ့ safe house မှာ ရောက်နေရတာလဲ??
"ငါ့လူတွေသာ မင်းကို အချိန်မှီမကယ်နိုင်ခဲ့ရင် သေချာပေါက်ငါးစာဖြစ်နေပြီ"
မှန်ကာထားသည့်အခန်းထဲမှ မိုက်ခရိုဖုန်းသံထွက်လာပြီး ကျွန်တော့်ကို ဆူပူတဲ့လေသံနှင့်ပြောလာသည်...ရေစိုထားတယ်လို့ နဲနဲတော့ ခံစားရပေမဲ့ အဝတ်အစားတွေ အကုန်လုံးလည်း လဲပေးထားသလို ဆိုဖာပေါ်မှာ စောင်တွေနဲ့လည်း ထွေးပတ်ပေးထားတယ်...
"မင်းသေသွားခဲ့ရင် Pete ဘယ်လို ဆက်ရှင်သန်လိမ့်မလဲဆိုတာ မတွေးကြည့်ဖူးလား??"
".... ဒါဆို ကျွန်တော့်ရဲ့ ရှင်သန်ခြင်းက Pete ကို ဘယ်လောက်ထပ်နာကျင်စေမလဲဆိုတာ ခများ မတွေးကြည့်ဖူးလား??"
ကျွန်တော် ဒေါသတကြီး ပြန်အော်ပစ်တယ် ...
ကျွန်တော့်ကို ကယ်တင်ပေးလို့ Master ကို စိတ်ဆိုးတာမဟုတ်ဖူး ... ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်လို့ စိတ်ကအလိုလို တိုနေတာ ..."မင်းကို သူက ကုသပေးနေတာလေ Vegas .. ငါလည်း Pete လို မင်းရဲ့ စိတ်ခွဲတွေနဲ့ အတူနေပေးနိုင်တာပဲ ... ဒါပေမဲ့ မင်းကိုယ့်ကိုကိုယ် သိရမှာက - ဘယ် Vegas ပဲ ထွက်လာလာ ၊ ဘယ်နေရာ ဘယ်အချိန်ဖြစ်ဖြစ် သူတို့အရင်တောင့်တတာက Pete ကိုပဲ ... Pete မင်းနဲ့ အတူနေပေးနေတာက သနားလို့ ၊ ပင်ကိုယ်စိတ်ခံက ကြင်နာတတ်လို့ မဟုတ်ဖူးကွ!!! သူမင်းကို ချစ်လွန်းလို့!!
Damn!!! သောက်ကျိုးနဲ အိမ်တော်၂ခုရဲ့ ပြသနာကို ခေါင်းခံရှင်းနေရရုံမကဖူး ၊ အချစ်ရေးတွေမှာပါ ဝင်ဖြေရှင်း သင်ပေးနေရတယ်... ကျစ်!"
မျက်နှာဖုံးငွေရောင်နဲ့ လူက ခေါင်းကိုစိတ်ပျက်လက်ပျက် ခုံပေါ်မှောက်ချတယ်...
YOU ARE READING
Vegas x Pete
Romance🌹 ZawGyi Version 🌹 KinnPorsche novel series ထဲက side couple ဖြစ်တဲ့ vegas x pete တို့ရဲ့ side storyပါ I got the permission to translate this story into Burmese from English Translator. If u want to read it in English, the story is under the Author...