💞စေတန်ရဲ့သတို့သမီး💞 ( unicode )
အပိုင်း(၂)
~~~~~~~~~"အဖြူရောင်စံအိမ်...."
နေပြောက်ပင်မထိုးနိုင်အောင်စိုက်ပျိုးထားတဲ့
သက်ရင့်ပင်များနှင့်..စိမ်းစိုလှပသော
သဘာဝအလှတရားတွေကြား...ခမ်းနား
လှပစွာတည်ရှိနေသောစံအိမ်ကြီး...။"ကျွီ..."
ထိုစံအိမ်ကြီးရဲ့မြေအောက်ကားပါကင်ထဲသို့
အနက်ရောင်ပြိုင်ကားလေးကထိုးစိုက်
သွား၏။နေ..ကားပေါ်ကဆင်းလိုက်သည်။ပြီးတော့
ကားပါကင်ထဲကမြောက်မြားလှစွာသော
ကားတွေကိုဖြတ်ကျော်လာကာ...
ဓာတ်လှေကားထဲကိုဝင်လာခဲ့သည်။
နေ့ရဲ့အခန်းရှိနေတဲ့..4လွှာကိုနှိပ်လိုက်ပြီး..
လေလေးတချွန်ချွန်နှင့်..ဘောင်းဘီအိတ်ထဲ
လက်တစ်ဖက်ထည့်ကာ...တက်လာခဲ့ပြီးနောက်....၊"ဝှစ်..."
ဓာတ်လှေကားပွင့်သွားတာနှင့်..မြင်လိုက်
ရတဲ့..အန်ကယ်ဂျိမ်း"ပြန်လာပါပြီလား...သခင်လေး..."
"အန်ကယ်ဂျိမ်း ကျွန်တော့်ကိုစောင့်နေတာလား"
နေ..မေးလိုက်ရင်းဆက်လျောက်လာခဲ့တော့
အန်ကယ်ဂျိမ်းကအနောက်ကနေ..ပါလာ၏.."ဖိတ်ကြားလွှာရထားပါတယ်သခင်လေး.."
"ဘယ်ကလဲ..."
"ONE လုပ်ငန်းစုရဲ့..ဘန်ကောက်မှာ..
ကျင်းပမဲ့..ရတနာပြပွဲအတွက်ပါ......
သူဌေး...ဦးကျော်မော်ကိုယ်တိုင်.သခင်လေး
ဆီကိုပို့လိုက်ပါတယ်...၄ရက်နေ့ပါတဲ့
သခင်လေးကို...အထူးဧည့်သည်တော်..
အဖြစ်ဖိတ်ကြားထားတာပါ...",ONEလုပ်ငန်းစုရဲ့သူဌေးဦးကျော်မော်က..
နေနဲ့..ပါတနာဖြစ်ခွင့်ရဖို့အသည်းအသန်
ကြိုးစားနေတဲ့...လုပ်ငန်းရှင်ကြီးတွေထဲက
တစ်ဦးဖြစ်သည်။"သခင်လေး..သွားမှာပါလား..."
"ကျွန်တော်သွားမယ်...အန်ကယ်ပြင်ဆင်
ထားလိုက်ပါ...ONEရဲ့ရတနာပြပွဲက
ဘယ်လောက်အဆင့်ရှိလဲကြည့်ရတာပေါ့..
The Sunလုပ်ငန်းစုနဲ့ပါတနာဖြစ်ဖို့..
အရည်အချင်းရှိမရှိကြည့်ရမယ်.."
YOU ARE READING
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...