part.73(uni&zawgyi)

3.2K 46 0
                                    

🌺​စေတန်​ရဲ့သတို့သမီး🌺

       အပိုင်း(၇၃)
       🌸🌸🌸🌸

"မင်းကိုယ်​က...ဆာကူရာပန်းနံ့​လေး​ရ​နေတယ်​...."

​ပြောရင်း..နှာ​ခေါင်းချွန်​ချွှန်​က...လည်​တိုင်​​ကျော့​လေးနှင့်
မျက်​နှာတစ်​ဝိုက်​ကို..မထိတထိကျီစယ်​ကာ....
မျက်​နှာ​လေးကိုစူးစိုက်​ကြည့်သည်​။

အသင်​...ရယ်​မလိုပြုံးမလိုမျက်​နှာနှင့်အသင့်ကို
ကြည့်​နေ​သော...သူ့ရင်​ဘတ်​ကိုဘုတ်​ခနဲထုလိုက်​ရင်း

"အကြံဆိုးကြီးနဲ့....ကိုကိုအကြံကိုအသင်​မသိဘူးများ
မှတ်​​နေလား....."

ချစ်​စရာမျက်​​စောင်း​လေးနှင့်​ ​ပြောလိုက်​တဲ့သူမ​ကြောင့်
​နေ...ရယ်​လိုက်​မိရင်း...သူမကိုယ်​​လေးကို​ပွေ့ချီ
ယူလိုက်​သည်​။

"ကိုကို...ဘာလုပ်​တာလဲ...အသင်​အင်္ကျီဝတ်ရဦးမယ်​"

"ထားလိုက်​ပါကွာ...ဝတ်​ပြီးရင်​လဲပြန်​ချွတ်​ရမှာပဲကို..."

"ဟာ...ကိုကို​နော်​....ညစ်​ပါတ်​တယ်​...."

​နေ...စလိုက်​​တော့မျက်​နှာ​လေးရဲသွားတဲ့သူမ

"အ​ကျင့်မ​ကောင်းတဲ့လူကြီး....."

မ​ကျေမနပ်​ဖြစ်​သွားတဲ့သူမ​လေးကို...​နေ​မွေ့ယာ​ပေါ်
အသာချလိုက်​​ရင်း....ခါး​လေးကိုလက်​နှစ်​ဖက်​နှင့်
သိမ်းဖက်​​လိုက်​​တော့...သူမရဲ့လက်​​လေးနှစ်​ဖက်​က
​နေ့ပခုံး​ပေါ်အလိုက်​သင့်​ဖေးတင်​လာခဲ့သည်​။

"ကိုယ်​စဉ်းစား​နေတာ..."

"ဘာကိုလဲဟင်​...."

"ကိုယ်​တို့တစ်​နှစ်​တစ်​ခါ​လောက်​...ဒီလိုပဲ...ခရီး​တွေ
​လျှောက်​သွားရင်​မ​ကောင်းဘူးလား...ဒီနှစ်​က...
ဂျပန်​ဆို​တော့...​နောက်​နှစ်​ကျရင်​...ဂရိကိုသွားကြမလား
​အေသင်​မြို့​ဟောင်းကိုလိုက်​ပို့​ပေးမယ်​​လေ...
အင်း...ပြီး​တော့...Sentorini..ဆိုရင်​​ရော..ဘယ်​လိုလဲ
ကိုယ်​မင်းကို...ကမာ္ဘကြီးရဲ့အလှပဆုံး​နေရာ​တွေကို
တစ်​ခုမကျန်​လိုက်​ပို့​ပေးမယ်​...အဲ့ဒါမှ...​နေရာတိုင်းမှာ
ကိုယ်​နဲ့မင်းအတွက်​အမှတ်​တရ​တွေကျန်​​နေခဲ့မှာ..."

စေတန်ရဲ့သတို့သမီး ( Completed )Tempat cerita menjadi hidup. Temukan sekarang