💞စေတန်ရဲ့သတို့သမီး💞
အပိုင်း(၅)
💞💞💞"ရှင်...."
အသင့်ကို..ဖမ်းပွေ့ထားတဲ့...ထိုလူရမ်းကားရဲ့
မျက်နှာကိုမော့ကြည့်နေမိပြီး...အသင်ဘာမှမပြော
နိုင်ဖြစ်သွားရသည်။ကျောဘက်ကနေသိုင်းဖက်ပွေ့
ထားတဲ့..သူ့ရဲ့လက်က...အသင့်ရင်ဘတ်ကိုပါ.....
ထိမိနေတာကို...သတိဝင်လာရကာ........၊"ဒီမှာ...ရှင်...ဘယ်နေရာကိုထိထားတာလဲ...လွှတ်..
အသင်ကို..အခုလွှတ်...."လူတွေလဲ..ဝိုင်းကြည့်နေတာမို့..အသင်လေသံခပ်အုပ်အုပ်
နှင့်ပြောလိုက်မိတော့..သူကဘေးဘီကို..တစ်ချက်ဝေ့
ကြည့်လိုက်ပြီး....၊"လွှတ်ပေးရမှာလား...ပြီးရောလေ..."
"ဘုန်း..."
"အမလေး..."
ပြောရင်း...လက်နှစ်ဖက်ကိုတစ်ပြိုင်တည်းလွှတ်ချ
လိုက်တော့...အသင်ဖင်ထိုင်ရက်လေးပြုတ်ကျသွားရ
သည်။"အား...လား...လား...မီးညောှင့်ရိုးတော့...
ကျိုးပါပြီ.... "အသင်ငြီးငြူနေမိစဉ်...သူကအသင့်နားမှာ
ခြေဖျားထောက်ထိုင်လိုက်ရင်း..."နားထောင်...မင်းဆွဲကြိုးကိုပြန်လိုချင်ရင်...
ဒီပွဲပြီးတာနဲ့.....မင်းကိုယ်တိုင်ငါ့အခန်းထဲမှာ...
လာယူပါ...မဟုတ်ရင်တော့..မင်းဆွဲကြိုးကို...
ငါလွင့်ပစ်မှာနော်..."."ဘာပြောတယ်...ရှင်..."
အသင်ရန်မတွေ့ရသေးခင်မှာဘဲ..သူကထသွားပြီ
ဖြစ်သည်။ထိုအခါ...ဘောင်းဘီထဲလက်တစ်ဖက်ထည့်
ခပ်မိုက်မိုက်ခြေလှမ်းတွေနဲ့...စမတ်ကျကျ..
လျှောက်လှမ်းသွားတဲ့...သူ့နောက်ကို...အားလုံးရဲ့..
အကြည့်တွေကပါသွားကြပြီး...အနီးအနားကလူတွေက
အသင့်ကိုလာတွဲထူဖို့ပင်သတိမရကြတော့...။"အရမ်းမိုက်တာပဲ...ရုပ်ရည်ရော...bodyရော
လုံးဝအလန်းနော်...""ဟုတ်ပါရဲ့...သူကဘယ်သူလဲမသိဘူး..."
ရိုက်ကူးရေးဘက်က...မိန်းကလေးနှစ်ယောက်ရဲ့
စကားကိုအသင်ကြားဖြစ်အောင်ကြားလိုက်သေးသည်။
ကိုယ်တိုင်လဲ...စတိုင်ကျလွန်းတဲ့သူ့ကိုကြည့်ကာ...
ခဏမျှငေးခနဲဖြစ်သွားရပြီးမှာ...ဒေါသထွက်ဖို့ရာ
သတိရသည်။
ESTÁS LEYENDO
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...