part.66(uni&zawgyi)

2.4K 51 0
                                    

🌺​စေတန်​ရဲ့သတို့သမီး🌺

        အပိုင်း(၆၆)
        🌸🌸🌸🌸

"မင်း​သေသွားပြီး...​နောက်​တစ်​ခါပြန်​ရှင်​သန်​လာရင်​​တောင်​
ငါ့မိန်းက​လေးနဲ့ယှဉ်​လို့ရမှာမဟုတ်​ဘူးဆိုတာ...
မင်းဦး​နှောက်​ထဲမှာစွဲ​နေ​အောင်​မှတ်​ထားလိုက်​စမ်းပါ"

အံကြိတ်​သံနှင့်​ပြောလိုက်​တဲ့သူ့ရဲ​​အေးစက်​စက်​စကားလုံး
​တွေက....သလင်းမျက်​နှာကိုအက်​စစ်​နဲ့ပတ်​လိုက်​
သလိုပင်​....သူ့မျက်​လုံးထဲမှာ..သလင်းက.........
သိကာ္ခမဲ့အရှက်​မရှိတဲ့မိန်းမတစ်​​ယောက်​ဖြစ်​သွား
ခဲ့ပြီ​ပေါ့...သလင်းက...သူ့အတွက်​အဆင့်မရှိတဲ့..
မိန်းမတစ်​​ယောက်​လား...

​သေပြီး..​နောက်​တစ်​ခါပြန်​ရှင်​လာရင်​​တောင်​မဖြစ်​နိုင်​ဘူး
တဲ့လား....

တစ်​စစီရိုက်​ချိုးခံလိုက်​ရတဲ့..အရှက်​သိကာ္ခတရား
အတွက်​...သလင်းသူ့​ရှေ့က​နေ...မြူမူန်​တစ်​မူန့်
အဖြစ်​သာ​ပျောက်​ကွယ်​သွားလိုက်​ချင်​​တော့သည်​။

အင်္ကျီကိုခပ်​တင်းတင်းဆွဲ​စေ့ထားကာ....
​ဆောက်​တည်​ရာမရဲ့မျက်​ဝန်း​တွေနှင့်..နူတ်​ခမ်းပါး​တွေ
တဆတ်​ဆတ်​တုန်​ယင်​​နေတဲ့...သလင်းနှင်းဆီကို
​နေ..ခပ်​စူးစူးစိုက်​ကြည့်လိုက်​ရင်း...

"မင်း..တစ်​ခုကံ​ကောင်းသွားတယ်​...ငါရဲ့အရင်​
စိတ်​နဲ့သာဆို...မင်းတစ်​စစီဖြစ်​​နေ​လောက်​ပြီ....
အသင့်​ကြောင့်ငါစိတ်​​လျော့ထားခဲ့လို့သာ..မင်း
ကံ​ကောင်းသွားတယ်​မှတ်​လိုက်​...ပြီး​တော့..မင်းလို
မိန်းမတစ်​​ယောက်​အတွက်​..ငါ့ရဲ့လက်​ကိုအစွန်းထင်း
မခံနိုင်​ဘူး....ဒါ​ပေမဲ့...."

စကားကိုမဆက်​​သေးပဲ..​ဒေါသမ​သေ​သေးတဲ့
မျက်​​ဝန်း​တွေနှင့်...သလင်းတစ်​ကိုယ်​လုံးကို ​တစ်​ချက်​
​ဝေ့ကြည့်သည်​။

"အသင့်အ​ပေါ်မင်းလုပ်​ခဲ့တဲ့လုပ်​ရပ်​အတွက်​...ငါမင်းကို
ဒီအတိုင်းမလွတ်​​ပေးနိုင်​ဘူး....​သေချာနား​ထောင်​
သလင်းနှင်းဆီ..မင်းဒီ​နေ့ကစပြီး..The Sun groupရဲ့
​ကြော်​ငြာ​မော်​ဒယ်​မဟုတ်​​တော့ဘူး...မင်းနဲ့စာချုပ်​ကို
ငါတို့ဘက်​ကပဲဖျက်​သိမ်းတယ်​...အဲ့ဒီအတွက်​..
ထိုက်​သင့်တဲ့..​လျော်​​ကြေး​ငွေကိုလဲမင်းရမှာပါ..."

စေတန်ရဲ့သတို့သမီး ( Completed )Tahanan ng mga kuwento. Tumuklas ngayon