🌺စေတန်ရဲ့သတို့သမီး🌺
အပိုင်း(၆၉)
🌸🌸🌸🌸"ဒါ..အိပ်မက်မဟုတ်ဘူးပဲ....ရှင်အသင့်ဆီတစ်ကယ်
ပြန်လာတာပေါ့နော်......"မယုံနိုင်သလိုလေးပြောရင်း...သူမရဲ့လက်လေး
တစ်ဖက်က...နေ့ပါးပြင်ကိုဖွဖွအုပ်ကိုင်လာသည်။"၁၂နှစ်လုံးလုံး..အသင်ခဏခဏမက်ခဲ့ရတဲ့...
အိပ်မက်လို...မျက်လုံးတွေမှိတ်ပြီး..ပြန်ပွင့်
လာတဲ့အခါ..ကိုကိုအသင့်နားမှာရှိမနေတော့သလိုမျိုး
ရှင်..အသင့်ရှေ့ကနေထပ်ပြီးပျောက်ကွယ်သွားမှာ
မဟုတ်ပါဘူးနော်..."စကားအဆုံး...မျက်ဝန်းတွေဖျပ်ခနဲမှိတ်လိုက်တဲ့
သူမကို.....နေ..ဘာစကားမှရုတ်တရက်မဆိုနိုင်ပဲ
ငေးစိုက်ကြည့်နေခဲ့မိတော့...သူမမျက်လုံးလေးတွေ
ခပ်ဖြေးဖြေးပြန်ပွင့်လာသည်။"တစ်ကယ်မပျောက်သွားတော့ဘူးပဲ....အဟင်း.."
နေထပ်ပြီးပျောက်ကွယ်သွားမှာစိုးတဲ့စိတ်နှင့်...
အမျိုးမျိုးစမ်းသပ်နေရှာသည့်..သူမရဲ့...........
နူးညံ့တဲ့လက်ချောင်းလေးတွေက..နေ့မျက်နှာအနှံ့ကို
ဖွဖွတို့ထိနေပြန်ရင်း...မျက်ဝန်းလေးတွေက...
နောက်တစ်ကြိမ်မျက်ရည်ကြည်လေးတွေရစ်ဝိုင်း
လာခဲ့ပြန်သည်။"အရမ်းလန့်သွားလား...."
မျက်နှာပေါ်ကသူမရဲ့လက်လေးကိုထပ်၍ဆုပ်ကိုင်
လိုက်ရင်း...နေမေးလိုက်တော့...သူမကခေါင်းလေး
တဖျပ်ဖျပ်ငြိမ့်ပြသည်။"ရှင်ထပ်ပြီးပျောက်သွားမှာစိုးလို့...."
"မစိုးရိမ်ပါနဲ့...ချာတိတ်ရယ်...မင်းရဲ့စေတန်က..
မင်းအတွက်ဆို...သေမင်းနဲ့တောင်...စစ်ပြိုင်ခင်း
နိုင်ပါတယ်.....ကိုယ်...မင်းကိုတစ်ယောက်တည်း
ထားပြီး...ဘယ်ကိုမှမသွားဘူး...."သူမရဲဆံစလေးတွေကိုသပ်တင်ပေးကာ...နေ
ပြောလိုက်တော့..မျက်ရည်တွေနှင့်သူမမျက်နှာ
လေးက..ပြုံးယောင်သမ်းလာသည်။
YOU ARE READING
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...