🌺စေတန်ရဲ့သတို့သမီး🌺
အပိုင်း(၆၄)
🌸🌸🌸🌸"နင်ကအသင်္ချေတဲ့လား....."
မလိုမုန်းတီးသလိုမျက်ဝန်းတွေနှင့်နူတ်ခမ်းပါး
တစ်စုံကတွန့်မဲ့သွားခဲ့ရင်း....ပထမတစ်ကြိမ်...အချိုးမပြေတဲ့တွေ့ဆုံမူ့နှင့်...
နိဒါန်းရဲ့မိန်းကလေးအထင်ဖြင့်..သလင်းကိုသတိထား
မိခဲ့စေတဲ့သူမက...တစ်ကယ်တော့...သလင်းရဲ့...
အကြီးမားဆုံးပြိုင်ဘက်ဖြစ်နေခဲ့တာပဲ..."My Girl.."ဆိုတဲ့..သူ့ရဲ့ဖုန်း.contactထိပ်ဆုံးက
နာမည်တစ်ခု..."ချာတိတ်..."လို့ခေါ်ပြီး..သူသဲသဲလူပ်နေခဲ့တဲ့သူ...
အိပ်မက်ထဲထိသလင်းကိုမနာလိုဖြစ်နေစေခဲ့တဲ့
သူမက..သလင်းရှေ့ကို...ရောက်လာမှတော့...
ဒီအတိုင်းအေးအေးဆေးဆေးနေစေလို့ဘယ်ဖြစ်ပါ့မလဲ...
ကိုယ့်အကွက်ထဲရောက်လာမှတော့...နည်းနည်းတော့
ပညာပေးရမှာပေါ့....."အဟွန်း....."
တစ်စတစ်စဝိုင်းအုံလာတဲ့လူတွေက...အင်တာနက်
ခေတ်ရဲ့ထုံးစံအတိုင်းဖုန်းကိုယ်စီနှင့်မှတ်တမ်း
တင်နေကြသည်။ထိုလူတွေရဲ့အလယ်မှာ..အံ့ဩ
ထိတ်လန့်နေတဲ့..မျက်ဝန်းလေးတွေနှင့်ရှိနေတဲ့
အသင်္ချေဆိုတဲ့....မိန်းကလေးကိုကြည့်ကာ....
သလင်းပြုံးလိုက်မိရင်း.....ကိုယ့်လုပ်ရပ်က...ဗီလိန်ဆန်နေတာလားဆိုုတာလဲ
သလင်းတွေးမကြည့်ချင်တော့..."မာန..သိကာ္ခဟုတ်လား..အဲ့ဒါတွေကဘာများအရေး
ကြီးလို့လဲ....သလင်းနှင်းဆီဆိုတဲ့မိန်းမက..ပုရိသတိုင်း
ဒူးထောက်အရူံးပေးခဲ့ရတဲ့..မာနမင်းသမီးဖြစ်နေရင်တောင်
သူ့ရှေ့မှာတော့..အဲ့ဒီမာနတွေအားလုံးကိုခဝါချ
ထားတယ်...ဘာဖြစ်လို့လဲဆိုရင်..နေကုဋာဆိုတဲ့
သူက..သလင်းဆီမှာ..ဘယ်တော့မှပျော်ဝင်လာမဲ့...
သူမျိုးမဟုတ်လို့ပဲ...."သူဟာ..ကိုယ့်အတွက်မဖြစ်နိုင်တော့မှန်းသိလိုက်ပေမဲ့လဲ...
ဘယ်တော့မဆို..လိုချင်တာမှန်သမျှ...ရခဲ့တဲ့...
သလင်းရဲ့ဘဝမှာ..ဒါပထမဆုံး..တစ်စုံတစ်ယောက်
ကြောင့်ရူံးနိမ့်ခဲ့ရတာ....
KAMU SEDANG MEMBACA
စေတန်ရဲ့သတို့သမီး ( Completed )
Romansaဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...