💙စေတန်ရဲ့သတို့သမီး💙
အပိုင်း(၁၆)
💜💜💜💜"ကိုယ့်ကိုခွင့်လွှတ်ပါ ချာတိတ်ရယ်..."
တိုးရှရှတောင်းပန်စကားဆိုရင်း..နေ..ရင်ခွင်ထဲက
သူမမျက်နှာလေးကိုမော့ယူကာ..မျက်ရည်စလေးတွေကို
ညင်သာစွာ..သုတ်ဖယ်ပေးနေမိသည်။သူမက
မယုံကြည်နိုင်သလို..မျက်လုံးလေးဝိုင်းပြီး..နေ့ကို
ကြည့်နေဆဲ......။"ကိုယ်နဲ့..အတူပြန်လိုက်ခဲ့...ကိုယ်ဒီလိုနေရာမှာ
မင်းကိုတစ်ယောက်ထဲမထားနိုင်ဘူး..."အသင်..မျက်ရည်တွေကိုလက်ခုံနှင့်ကလေးလို
ပွတ်သုတ်ရင်း..ခေါင်းညိတ်လိုက်မိသည်။အသင်
ဒီနေရာမှာ...တစ်နာရီလောက်ပဲဆက်ရှိနေရင်
အသက်ထွက်မှာ...။"မင်းပစ္စည်းတွေအထဲမှာ..မဟုတ်လား.."
နေ..အခန်းထဲကိုလှမ်းဝင်ရန်ပြင်တော့..သူမက
အထိတ်တလန့်မျက်နှာလေးနှင့်လက်ကိုလှမ်းဆွဲ
ထားသည်။"ဘာမှမဖြစ်ဘူး..ကိုယ်ရှိတယ်..မကြောက်နဲ့."
သူက..အသင့်လက်လေးကိုထွေးဆုပ်ထားကာ...
အားပေးသလိုပြောသည်။အသင်..ကြောက်ကြောက်နှင့်
သူ့လက်မောင်းကိုအတင်းဖက်ထားရင်း..အထုတ်အပိုးတွေ
ယူရန်..မှောင်မဲနေတဲ့..အခန်းထဲကိုပြန်ဝင်လာခဲ့
ရသည်။"ဒေါက်...ဒုန်း..."
ဘာမှန်းမသိတဲ့အသံတွေကကြားနေရဆဲဖြစ်ပေမဲ့.
အသင်ရှေ့မှာ..မားမားမတ်မတ်ရှိနေတဲ့သူ့ကြောင့်
ကြောက်ရွံ့စိတ်တွေကလွင့်ပါးကုန်ရသည်။"လာ..သွားကြမယ်.."
သူက..အသင့်အထုတ်တွေကိုလဲကူဆွဲကာ..အသင့်.
လက်တစ်ဖက်ကိုလဲ..ဆုပ်ကိုင်ထားရင်း..တိုက်ခန်း
ထဲကနေပြန်ထွက်လာသည်။တံခါးကိုအပြီးသတ်ပိတ်လိုက်ပြီး..သူဆွဲခေါ်ရာ
နောက်ကို..အသင်ပါလာခဲ့ရတော့သည်။💜💜💜
"ဝေါ..ဝေါ.."
မိုးတွေက..သည်းထန်စွာရွာသွန်းနေဆဲပဲဖြစ်ကာ
သူ့ရဲ့ကားလေးကမိုးစက်မိုးပေါက်တွေကြားမှာ
ဖြေးဖြေးမှန်မှန်သာ..မောင်းနှင်လာသည်။သူက
ကားမောင်းနေရင်း..လက်တစ်ဖက်က...အသင့်
လက်ကိုဆုပ်ကိုင်ထားသည်။
YOU ARE READING
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...