🌺စေတန်ရဲ့သတို့သမီး🌺
အပိုင်း(၅၃)
🌸🌸🌸🌸"ဒါဆို...ကိုကိုက..မနက်ဖြန်...ဘန်ကောက်ပြန်တော့
မှာပေါ့နော်....""ဟုတ်တယ်..ဟိုမှာ...ကိုကို့ရဲ့အလုပ်တွေကလဲ...
ပစ်ထားခဲ့ရတာကြာပြီလေ...မြန်မာပြည်ကိုခြေချခဲ့တုန်းက..
ညီမလေးကိုမတွေ့တွေ့အောင်ရှာမယ်လို့..သံဓိဌာန်
ချထားခဲ့တာ...အခု...ကိုကို့ရဲ့ဆန္ဒလဲပြည့်ခဲ့ပြီပဲ..
ညီမလေးကို..ကိုကိုနဲ့အတူ..ခေါ်မသွားနိုင်တာ
ကလွဲရင်ပေါ့...""အသင်..တောင်းပန်ပါတယ်...."
အသင်..ကိုကို့ကို..အားနာစွာနှင့်တောင်းပန်စကား
ဆိုလိုက်မိသည်။..တစ်ကယ်တမ်းလဲ အခုချိန်မှာ
အသင်..ကိုကို့ကိုတောင်းပန်စကားကလွဲပြီးတော့လဲ
ပြောစရာမရှိတော့ပါဘူးလေ..."စိတ်မကောင်းမဖြစ်ပါနဲ့..ညီမလေးရယ်..ကိုကို
ညီမလေးကိုနားလည်ပါတယ်...""အသင့်ကိုနားလည်ပေးလို့..ကျေးဇူးတင်ပါတယ်..
ကိုကို...""ညီမလေး..အပြင်ထွက်လာလို့ရလား..ကိုကိုနဲ့
အတူ..အဖွားကို..သွားနူတ်ဆက်ကြတာပေါ့...""အင်း...အသင်ထွက်လာခဲ့မယ်လေ...ကိုကို...
အိမ်မှာပဲ.စောင့်နေလိုက်...""ဟုတ်ပါပြီဗျာ..."
အသင်..ဖုန်းချလိုက်ပြီး..ဖုန်းလေးကိုရင်ဘတ်မှာ
ကပ်ကာ..သက်ပြင်းချလိုက်မိသည်။နှစ်တွေအကြာကြီးနေမှ..ပြန်တွေ့ရတဲ့ကိုကိုက..
အခုလိုပြန်ထွက်သွားတော့မယ်ဆိုတော့လဲ..အသင်
စိတ်မကောင်းဖြစ်မိတာ..အမှန်ပါ..."ကိုကိုနဲ့..သွားတွေ့ဖို့..သူ့ဆီခွင့်တောင်းဦးမှပါလေ.."
အတွေးနဲ့..အသင်..သူ့ဆီဖုန်းခေါ်ဖို့..ပြင်လိုက်တော့သည်။
🌺🌺🌺🌺🌺
"ကြည်နူး...."
ဂျာနယ်တိုက်ထဲက..လှမ်းထွက်လာတဲ့..ကြည်နူးကို
မြင်တာနှင့်...
အသင်...ကားဘေးမှာရပ်နေရာကနေ..လှမ်းခေါ်ကာ
လက်လေးလှမ်းပြလိုက်သည်။
YOU ARE READING
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...