💜စေတန်ရဲ့သတို့သမီး💜
အပိုင်း(၃၄)
💜💜💜💜"အား..ကျွတ်..ကျွတ်..."
ခေါင်းထဲကမကြည်မလင်နဲ့..မနက်ခင်းမှာ..အသင်
နိုးထလာခဲ့ချိန်လေးလံတဲ့မျက်ခွံတွေကိုအားယူပြီး
ဖွင့်ကြည့်တော့..အခန်းထဲကအိပ်ရာထက်မှာရှိနေမှန်း
သိလိုက်သည်။"ဒါ.ငါ့အခန်းပဲ..ငါဘယ်လိုလုပ်အိမ်ပြန်ရောက်လာတာလဲ"
ဖျပ်ခနဲဝင်သွားတဲ့..အတွေးနဲ့အတူ..ခေါင်းထဲမှာ
အစီအရီပေါ်လာတဲ့ပုံရိပ်တွေ.."အိုပါး..."
"ကားထဲဝင်ရမှာလား..ရတယ်လေ..အသင့်ကို
ချစ်တယ်လို့..အကျယ်ကြီး..၃ခါအော်ပြောရင်..
ကားထဲဝင်မယ်....""ရှင့်ရဲ့ဆွဲဆောင်မူ့ရှိတဲ့..နူတ်ခမ်းတွေကလေ..
ကျန်တာကျတတ်တယ်..ချစ်တယ်ပြောဖို့ကျ
မတတ်ဘူး....""အိမ်မပြန်ချင်ဘူး..လွှတ်..လွှတ်..."
အာရုံထဲမှာ..အစီအရီပေါ်လာတဲ့ပုံရိပ်တွေကြောင့်
အသင်..အောက်နူတ်ခမ်းကို သွားနှင့်ဖွဖွဖိကိုက်
ထားလိုက်မိသည်။"သေစမ်း...ငါဘာလို့အဲ့လောက်တောင်မူးသွားတာလဲ
ငါ့ကို..အိမ်အထိသူပြန်ခေါ်လာခဲ့တာပေါ့..သွားပါပြီ
ငါတော့အဆူခံရတော့မယ်ထင်တယ်..."အသင်..အတွေးနဲ့ငိုချင်သွားရသည်။မတတ်နိုင်ဘူး...
ကိုယ်ကအပြစ်ရှိထားတော့လဲ..ဆူရင်လဲခံရမှာပဲ...၊"ဘုရားသိကြားမလို့...မောင်မင်းကြီးသားစိတ်
ကောင်းဝင်ပြီး..ဆူဖို့..မေ့နေပါစေ....."လက်ဖဝါးလေးနှစ်ဖက်ကိုပွတ်ကာ..ကြောင်တောင်တောင်
ဆုတောင်းလိုက်မိပြန်တာက သူ့အကြောင်းကို
ကောင်းကောင်းသိနေတာကြောင့်.....၊"ခေါင်းကလဲအရမ်းကိုမူးနေတာပဲ..ရေစိမ်မှဖြစ်မယ်...."
အတွေးနဲ့အသင် မူးနောက်ရီဝေနေတဲ့ဦးခေါင်းကို
လက်ဖနောင့်နှင့်ဖိထားရင်းက အိပ်ရာပေါ်ကဆင်းလာလျက်
ရေချိုးခန်းရှိရာသို့တစ်လှမ်းချင်းလျှောက်လှမ်းလာခဲ့မိတော့၏။
YOU ARE READING
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...