💞စေတန်ရဲ့သတို့သမီး💞
အပိုင်း(၁၁)
💞💞💞💞အနီရောင်ပြိုင်ကားလှလှလေးကို..ဂျာနယ်တိုက်
အဆောက်အဦးရဲ့ကားပါကင်ထဲသို့..အသင်ကျွမ်းကျင်
စွာပါကင်ထိုးလိုက်သည်။တစ်ခါတလေ..အလုပ်
ကိစ္စအရေးကြီးရင်..ဂျာနယ်တိုက်ကကားကိုယူသုံး
ရတာမို့..အသင်ကားကိုကျွမ်းကျွမ်းကျင်ကျင်
မောင်းတတ်သလို..လိုင်စင်လဲရှိသည်လေ...။"ဟိုက်ဘော့စ်.. တစ်ယောက်လုံးနဲ့တွဲနေတော့လဲ
နောက်ဆုံးပေါ်ကားနဲ့တောင်..အလုပ်ကိုလာနိုင်တယ်ပေါ့"ခနဲ့တဲ့တဲ့အသံကြောင့်..အသက်ခြေလှမ်းတွေ
ရပ်သွားရသည်။လှည့်မကြည့်ပေမဲ့..ရွှေရုပ်လွှာ
မှန်းသိပြီးသား...၊"နင်...အရှက်မရှိတာ..တော်ရုံတန်ရုံမဟုတ်ဘူးနော်
အင်္သချေ..."ဒေါက်ဖိနပ်သံတခွပ်ခွပ်နှင့်အတူ..သူမကအသင့်
ရှေ့ကိုရောက်လာပြီးပြောသည်။"ဘာလဲ..ငါ့ကိုဘာတွေဇယားလာကပ်နေတာလဲ..
ဖယ်..""ငါနင်နဲ့အတူတူ...အလုပ်လုပ်နေရတာကိုတစ်ကယ်
ရှက်တယ်...""အဲ့ဒါဆိုလဲနင်အလုပ်ထွက်လိုက်ပေါ့..."
"ထွက်ချင်းထွက်နင်ထွက်ရမှာ..."
ရွှေရုပ်လွှာက..ဒေါသတွေကိုထိန်းချုပ်ထားရသလို
အဲကြိတ်သံနှင့်ပြောလာပုံကအထက်စီးဖြင့်....။"ဘယ်လိုနည်းလမ်းတွေများသုံးပြီး..နေကုဋာကို
အချိန်တိုအတွင်းမှာနင်စည်းရုံးလိုက်တာလဲဆိုတာ
ငါတစ်ကယ်နားမလည်တော့ဘူး..ဘာလဲ..နင်
သူ့ရဲ့ကုတင်ပေါ်အထိရောက်ပြီးသွားပြီမဟုတ်လား""ဘာ..."
စော်ကားလွန်းနေသောစကားကြောင့်..မခံချင်မာန
တို့ကပွက်ပွက်ဆူလာသည်။စိတ်ထိန်း..အသင်..
ဒီနေရာမှာဒေါသထွက်ရင်..အရူံးပဲဟု..ကိုယ့်ကိုကိုယ်
သတိပေးလိုက်ရင်း...၊
KAMU SEDANG MEMBACA
စေတန်ရဲ့သတို့သမီး ( Completed )
Romansaဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...