💞စေတန်ရဲ့သတို့သမီး💞
အပိုင်း(၉)
💞💞💞ကားပေါ်ကဆင်းလာသူကိုမြင်လိုက်တဲ့ခဏ..အသင်
ဝမ်းသာအားတက်သွားရသည်။"ကိုနေကုဋာ..."
သူ့နာမည်ကိုခေါ်ရင်း...အသင်အားကိုးတကြီး
အထုတ်အပိုးတွေဆွဲကာ..သူ့ဆီပြေးသွားလိုက်မိသည်။"ဘာလဲကွ...heroလုပ်ချင်တာလား..."
"ဘာအထာလဲ..."
လမ်းသူရဲ၃ယောက်က...ဆိုင်ကယ်က..တုတ်ကိုယ်စီကို
ဆွဲကာ..သူနှင့်အသင့်နားကိုလျှောက်လာသည်။
အသင်ထိတ်လန့်သွားရပေမဲ့..သူ့မျက်နှာကအေးစက်နေ၏။"ဟေ့ကောင်မင်းရဲ့မင်းသားရုပ်လေးစုတ်ပြတ်
မသွားချင်ဘူးဆိုရင်..ငါတို့ဂွင်ထဲဝင်မပါနဲ့..ကိုယ့်လမ်း
ကိုယ်သွားလိုက်...""မင်း..ကားထဲဝင်နေလိုက်.."
သူက..ထိုသူ၃ယောက်ကိုစိုက်ကြည့်နေရင်းမှ
အသင့်ကိုလှည့်မကြည့်ပဲပြောသည်။"ဒါပေမဲ့..."
အသင်..သူ့ကိုတစ်ယောက်ထဲ..စိတ်မချနိုင်တာမို့
အထွန့်တက်ရန်ပြင်လိုက်စဉ်...။"ကဲကွာ..."
"ဝှီး..."
"အမလေး..."
ရုတ်တရက်..၃ယောက်ထဲကတစ်ယောက်ရဲ့လက်ထဲက
ဘေ့စ်ဘောရိုက်တံကမြောက်တက်သွားသည်။"ဘုန်း..."
"အား..."
အသင်...လန့်ပြီးအော်လိုက်မိသော်လဲ..ထိုရိုက်ချက်ကို
သူကလွတ်တယ်ဆိုရုံလေးကိုယ်ကိုလှည့်ကာရှောင်လိုက်ပြီး
မြန်ဆန်လှသောခြေကန်ချက်ကထိုသူ့ရဲ့ဝမ်းဗိုက်ဆီကို
ပြေးဝင်သွားတဲ့အခါ....ထိုတစ်ယောက်လဲကျသွားတာပြန်မထ
နိုင်တော့...သူက..ထိုလူလွတ်ကျသွားတဲ့ဘေ့စ်ဘော
ရိုက်တံကိုကောက်ယူလိုက်သည်။"ချကွာ..အဲ့ဒီကောင်ကို..."
ကျန်နှစ်ယောက်ပါသူ့ထံပြေးဝင်လာပြီး..ရုတ်ချည်းရန်ပွဲတစ်ခုဖြစ်သွားသည်။
YOU ARE READING
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...