💞စေတန်ရဲ့သတို့သမီး💞
အပိုင်း( ၄၂ )
🌺🌺🌺🌺Japanနိုင်ငံ(တိုကျိုမြို့)
"ဒါ..ဘာတွေလဲ....."
မနက်ဖြန်တွေ့ဆုံပွဲမတိုင်ခင်..ရင်းနှီးတဲ့..မိတ်ဆွေ
တစ်ချို့နှင့်..ညစာစားပြီး..ဟိုတယ်ခန်းကိုပြန်အလာ
VIPခန်းရှေ့မှာ..စောင့်နေတဲ့..ဘော်ဒီဂတ်
နှစ်ယောက်ကိုမြင်လိုက်တာကြောင့်..နေမျက်မှောင်
ကြုတ်သွားရသည်။"ဟိုတယ်ခန်းရှေ့ထိ..ဒီလိုမျိုးတွေ..လုပ်စရာမလိုဘူးလို့
ကျွန်တော်ပြောထားတယ်လေ..အန်ကယ်.."နေ..ဘေးနားမှာ..ပါလာတဲ့..အန်ကယ်ဂျိမ်းကို
ကြည့်ကာ..ပြောလိုက်သည်။"သတိဆိုတာ..ပိုတယ်မရှိပါဘူး..သခင်လေး..."
"အဲ့ဒီ..အပိုအလိုမပါတဲ့..သတိက..ကျွန်တော့်မှာ
အပြည့်အဝရှိတယ်..အဲ့လောက်ထိမလိုဘူး..ရယ်စရာ
ကောင်းတယ်..သူတို့တွေကို..ဖယ်ခိုင်းလိုက်...""ဒါပေမဲ့..သခင်လေး..."
ဂျိမ်း..ဘာမှထပ်မပြောနိုင်ခင်..သခင်လေးက..
လက်ကာသည်။"ကျွန်တော်ပင်ပန်းနေပြီ..."
ပြောပြီး..VIPခန်းထဲဝင်သွားတဲ့..သခင်လေးကို
ကြည့်ပြီး..ဂျိမ်းအလိုက်တသိကျန်နေခဲ့ရသည်။"မင်းတို့..သွားတော့..."
အခန်းရှေ့က..နှစ်ယောက်ကို..မျက်စပစ်ဖယ်ခိုင်း
လိုက်ပြီး..သက်ပြင်းတစ်ချက်ကိုချကာ..အခန်း
ရှေ့ကနေ..လှည့်ထွက်လာခဲ့သည်။"တော်တော်ခေါင်းမာတဲ့..သခင်လေး..."
~~~~~~~~~~~~💜💜💜
နေ..အခန်းထဲ..ရောက်တာနှင့်..ကုတ်အင်္ကျီကိုချွတ်ကာ
ကုတင်ပေါ်ပစ်တင်လိုက်သည်။ထို့နောက်..နက်ခ်တိုင်ကို
ဖြေလျော့ကာ..မှန်နံရံနားကိုလျှောက်သွားလိုက်သည်။32ထပ်ကနေလှမ်းမြင်နေရသည့်
မီးတွေထိန်လင်းနေသည့်..တိုကျိုမြို့ရဲ့..ညရူခင်းက
လူပေါင်းများစွာ..သွားလာလူပ်ရှားကာ..အသက်ဝင်
နေသည်။
VOCÊ ESTÁ LENDO
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...