💛စေတန်ရဲ့သတို့သမီး💛
အပိုင်း(၃၇)
💙💙💙💙"လက်ထပ်မယ်...လက်မထပ်ဘူး...
လက်ထပ်မယ်...လက်မထပ်ဘူး...."အသင်နှင်းဆီပန်းရဲ့ပွင့်ဖတ်လေးတွေကို..တစ်ဖက်
ချင်းဆီခြွေချရင်း..ပါးစပ်ကတတွတ်တွတ်ရွတ်
နေမိသည်။"လက်ထပ်မယ်...လက်မထပ်ဘူး...
လက်ထပ်မယ်...လက်မထပ်......ဟင်..."နောက်ဆုံးကျန်တဲ့ပွင့်ဖတ်လေးတစ်ခုကြောင့်
အသင်မျက်လုံးပြူးသွားရသည်။လက်မထပ်ဘူးမှာ
ရပ်နေပြီး..နောက်ထပ်ပွင့်ဖတ်တို့မရှိတော့.......။"ဟင်း..နောက်တစ်ဖတ်လဲမရှိတော့ဘူး..ဒီနှင်းဆီပန်းက
ဘာလို့ပွင့်ဖတ်အဲ့လောက်နည်းနေရတာလဲ..."မကျေမနပ်ပြောလိုက်ရင်း..လက်ထဲကရိုးတံလေးကို
လွင့်ပစ်ကာ...အသင်..ကျောက်ခုံတန်းလေးကနေ
ထပြီး..နှင်းဆီပန်းအိုးတွေနားကိုလျှောက်သွား
လိုက်သည်။"ဘယ်အပွင့်က..ပွင့်ဖတ်များလောက်လဲ..."
ဟိုဟိုဒီဒီမျက်လုံးဝေ့ကြည့်ပြီး..ပန်းတစ်ပွင့်ဆီ
လက်လှမ်းလိုက်စဉ်..သူ့မျက်နှာကို..မြင်ယောင်
လိုက်မိပြန်သည်။"ဒီလက်တွေက..မသန့်ရှင်းမူ့နဲ့သွေးစွန်းနေခဲ့တယ်.
ဆိုရင်တောင်..ကိုယ်မင်းဆီကမ်းလင့်လာတဲ့အခါ
ကိုယ့်လက်တွေကိုပြန်ပြီးဆုပ်ကိုင်ပေးမှာလား"အသင်..သူ့စကားကိုပြန်ကြားယောင်ပြီး..သက်ပြင်း
ချလိုက်သည်။အသင်..အရမ်းသိချင်ခဲ့တဲ့သူ့ရဲ့လျို့ဝှက်ချက်တွေကို
အသင်ကိုသူကိုယ်တိုင်ပြောပြခဲ့သည်။"ဟူး..ငါဘာဆက်လုပ်ရမှာလဲ..သူရဲ့ဘဝအခြေအနေက
အရမ်းရူပ်ထွေးနေတာ.ငါ..သူ့နားမှာဆက်ပြီး
ရှိနေသင့်ရဲလား..သူ့ရဲ့လက်ထပ်ခွင့်ကိုရောငါ..
ဘယ်လိုတုန့်ပြန်ရမှာလဲ..ငါသူ့ကိုယုံကြည်သင့်ရဲ့လား"တစ်ယောက်ထဲမေးခွန်းများစွာနှင့်ရူပ်ထွေးသွား
ရသည်။
ESTÁS LEYENDO
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...