final part ( unicode )

7.8K 151 5
                                    

🌺​စေတန်​ရဲ့သတို့သမီး🌺

        🌙ဇာတ်​သိမ်းပိုင်း🌙
           🌸🌸🌸🌸🌸

"သူတ်ို​အားလုံး...ဒီကို​ရောက်​​နေကြပြီ​လေ...​စေတန်​နဲ့
သူ့ရဲ့သတို့သမီး​လေးကို....ဂုဏ်​ပြု​ပေးဖို့​ပေါ့...."

အံ့ဩစရာ​ကောင်း​လောက်​​အောင်​...ခမ်းနားပြည့်စုံလှသည့်
သူ့အချစ်​​တွေနဲ့ဖန်​ဆင်းထားတဲ့ဤ​နေရာမှာ...အသင်​
ဘာစကားမှ​ပြောမထွက်​နိုင်​ပဲ...မျက်​ရည်​များသာ
စီးကျလာခဲ့ရ​တော့....

"မငိုပါနဲ့ကွာ...ဒီ​လောက်​​ပျော်​စရာ​ကောင်းတဲ့အချိန်​မှာ
သတို့သမီးကမျက်​ရည်​ကျရင်​မိတ်​ကပ်​​တွေပျက်​ကုန်​
မှာ​ပေါ့..."

ရယ်​ဟဟနှင့်​ပြောရင်း...သူက..မျက်​ရည်​​တွေကို
ညင်​သာစွာ...သုတ်​ဖယ်​​ပေး​နေသည်​။

"မင်းရဲ့ဆန္ဒအတိုင်းပဲ...ပန်း​တွေအများကြီးရှိတဲ့
​နေရာမှာ...အဘွားရယ်​...ကိုယ်​တို့နဲ့ရင်းနှီးတဲ့..
မိတ်​​ဆွေ​တွေနဲ့...ရိုးရှင်းတဲ့လက်​ထပ်​ပွဲ​လေး​လေ...
​တော်​တယ်​လို့ချီးကျူး​ပေးပါ...ကိုယ့်ကို...."

​ပြောရင်း...မျက်​စိတစ်​ဖက်​ကို ဖတ်​ခနဲမှိတ်​ပြလိုက်​တဲ့
သူ့​ကြောင့်...အသင်​ရယ်​မိသွားရကာ....

"အင်း..အသင့်ရဲ့ကိုကိုကအရမ်းကို​တော်​တယ်​..."

စကားအဆုံး...​နေလည်​တိုင်​ကိုဖက်​တွယ်​လိုက်​သည့်
သူမရဲ့ခါး​လေးကို ​နေပြန်​လည်​သိမ်းဖက်​ထားရင်း
လည်​တိုင်​​ကျော့​လေးကိုတိုး​ဝှေ့နမ်းလိုက်​သည်​။

"အဟမ်း...အဟမ်း...."

ထိုစဉ်​...အနားကို​ရောက်​လာတဲ့အဖွားနှင့်....စံအိမ်​က
လူ​တွေ​ကြောင့်အရှိန်​သတ်​ကာ...လူချင်းခွာလိုက်​ရသည်​။

"အဘွား..."

ချွဲနွဲ့နွဲ့​လေး​ခေါ်ရင်း..သူမကအဖွားကို​ပွေ့ဖက်​လိုက်​သည်​။

ထိုအချိန်​...​နေ့အနားကိုကပ်​လာတဲ့ဇ,က...

"Boss...လုံးဝperfectပဲ..."

လက်​မ​ထောင်​ပြကာ..ပြုံး​စေ့​စေ့မျက်​နှာနှင့်...
ခပ်​တိုးတိုး​ပြောလိုက်​​သော..ဇ,​ကြောင့်...​နေရယ်​လိုက်​
မိသည်​။

စေတန်ရဲ့သတို့သမီး ( Completed )Opowieści tętniące życiem. Odkryj je teraz