part.65(uni&zawgyi)

3.2K 69 2
                                    

🌺​စေတန်​ရဲ့သတို့သမီး🌸

အပိုင်း(၆၅)
__________

သူ့ရဲ့သံစဉ်​​တွေထဲ...ညို့ယူခြင်းခံထားရသလို..
​ကျောက်​ရုပ်​​လေးလို....မလူပ်​မယှက်​...အသင်​
ငြိမ်​သက်​စွာနဲ့ရပ်​​နေမိခဲ့သည်​။

လက်​ထဲက....လိ​မ္မော်​​ရောင်​နှင်းဆီပန်းစည်းကြီး...
"can't help falling in love"ဆိုတဲ့..ဒီသီချင်း..
သူ..ဒီလိုစန္ဒယားခုံ​ပေါ်မှာထိုင်​​နေတဲ့မြင်​ကွင်း...
အသင်​..အသင်​..ဒီလိုအ​ခြေအ​နေကို..ရင်းနှီး​နေတယ်​..

ထိုအချိန်​..စန္ဒယားသံ​ရော..သီချင်းသံ​ရောရပ်​သွားပြီ
ဖြစ်​ကာ...စား​သောက်​ဆိုင်​ထဲမှာမီး​တွေပြန်​လင်းလာသလို...
ပြုံး​ယောင်​သမ်း​နေတဲ့..နူတ်​ခမ်းအစုံနှင့်သူကလဲ..
အသင်​ရှိကာကို...တစ်​လှမ်းခြင်း​လျောက်​လှမ်း
လာခဲ့ပြီဖြစ်​သည်​။

အသင်​..​နေရာက​နေ​ခြေလှမ်းမ​ရွေ့ပဲရပ်​​နေမိသလို
တစ်​လှမ်းခြင်းနီးကပ်​လာပြီဖြစ်​တဲ့သူ့ကိုကြည့်ပြီး
ဆစ်​ခနဲထိုးသွားတဲ့..ဦး​ခေါင်းနဲ့အာရုံထဲမှာ...​ပေါ်လာခဲ့တဲ့
ပုံရိပ်​တစ်​ချို့....

"က်ိုယ်​..​နောက်​နှစ်​ရက်​​နေရင်​..ဂျပန်​သွားရမယ်​.."

"ဒါ..ကိုယ်​ပထမဆုံး..မိန်းက​လေးတစ်​​ယောက်​ကို..
ပန်းလက်​​ဆောင်​​ပေးဖူးတာ..."

"မင်းမယုံ​လောက်​ဘူးဆို​ပေမဲ့.....ဒါအမှန်​ပဲ..."

"Piano တီးပြမယ်​..နား​ထောင်​မလား...."

"လိ​မ္မော်​​ရောင်​နှင်းဆီပန်း​တွေရဲ့အဓိပ္ပါယ်​ကိုမင်းသိလား
ပထမဆုံးအချစ်​...အချစ်​ဦးဆိုတဲ့.အဓိပ္ပါယ်​ပဲ....
နှင်းဆီပန်း...၁၀၈ပွင့်ရဲ့အဓိပ္ပါယ်​ကအ​ဆုံးမဲ့အချစ်​တဲ့..."

"မင်းက...ကိုယ့်အတွက်​​တော့အဲ့လိုအဓိပ္ပါယ်​မျိုးပဲ...
မင်းကကိုယ့်အတွက်​...၁၀၈ပွင့်​သောလိ​မ္မော်​​ရောင်​
နှင်းဆီပန်း​တွေနဲ့ညီမျှတယ်​...."

"မင်းကိုချစ်​တယ်​..အသင်္ချေ....."

"တစ်​ဘဝလုံးအတွက်​ ကိုယ့်ရဲ့လက်​ကိုကိုင်​ထား
​ပေးနိုင်​မလား....."

အာရုံထဲမှာ...တစ်​ချက်​ချင်း​ပေါ်လာခဲ့တဲ့ပုံရိပ်​​တွေနဲ့
အတူ...အ​ကြောင်းမဲ့စူး​အောင့်လာတဲ့ဝဲဘက်​ရင်​အုံဆီက
ခံရခက်​တဲ့ဝေဒနာတစ်​မျိုးက..အသင့်ကိုမျက်​ရည်​​တွေ
​ဝေ့ဝဲလာ​စေတဲ့အထိ.....ထို့အတူ..တဒိတ်​ဒိတ်​ထိုးကာ
ပွင့်ထွက်​မတတ်​ကိုက်​ခဲလာတဲ့ဦး​ခေါင်း...

စေတန်ရဲ့သတို့သမီး ( Completed )Tempat cerita menjadi hidup. Temukan sekarang