🌺စေတန်ရဲ့သတို့သမီး🌺
အပိုင်း(၆၀)
🌸🌸🌸🌸နွေးထွေးတဲ့ရင်ခွင်ကျယ်ကြီးထဲ...ရင်ခုန်သံစည်းချက်
မညီမညာနှင့်...အိပ်မပျော်နိုင်ခဲ့သေးတဲ့ည.....သူ့လက်မောင်းပေါ်ခေါင်းအုံးထားပြီး..သူ့ရင်ခွင်ထဲမှာ
အိပ်စက်ခဲ့တာ..ပထမဆုံးအကြိမ်မဟုတ်မှန်း...
ခံစားနေမိသော်လဲကိုယ့်ရင်ခုန်သံကိုယ်ပြန်ကြားနေ
ရအောင်..အသင့်ကိုဒုက္ခပေးနေသော..ဤအခိုက်အတန့်"မသွားပါနဲ့...အသင့်ဘေးမှာပဲ...နေပေးပါ......."
ခုနကလေးတင်..အသင်သူ့ကိုတောင်းဆိုခဲ့မိသည့်
အတိုင်း...သူကအသင့်ဘေးမှာရှိနေပေးခဲ့သည်။နားရွတ်ဖျားလေးနှင့်ဆံနွယ်လေးတွေထက်မှာ...
ကျရောက်နေတဲ့..သူ့ရဲ့လေငွေ့နွေးနွေးတွေနဲ့..အသက်
ရူသံခပ်သဲ့သဲ့.....သူလဲ..အသင့်လိုအိပ်မပျော်သေးမှန်းသိပေမဲ့လဲ..
အသင်သူ့ကိုလှည့်မကြည့်ရဲပါ....."မင်းအိပ်မပျော်ဘူးလား...."
မေးလိုက်သံနှင့်အတူ..အသင့်နားရွတ်ဖျားလေးကို
သူဖွဖွနမ်းလိုက်တော့..အသင်ပခုံးလေးကျုံ့သွား
ရသည်။"အင်း...မိုးရွာနေလို့...ဖြစ်မယ်..."
အပြင်မှာ..တဖျောက်ဖျောက်နဲ့ခပ်ဖွဲဖွဲရွာနေတဲ့..
မိုးကိုသာ..အပြစ်ဖို့လိုက်မိသည်။"ရှင်ရော..အိပ်မပျော်ဘူးလား...."
"အင်း..ကိုယ်လဲအိပ်မရဘူး....မင်းကိုဒီလိုမျိုး
ဖက်ထားရလို့ဖြစ်မယ်...."ပြောရင်း..အသင့်ကိုသူတိုးလို့ပွေ့ဖက်လိုက်သည့်အခါ
ခနာ္တကိုယ်ချင်းတစ်သားထဲမျှပိုပြီးပူးကပ်သွားရကာ
အသင့်ခနာ္တကိုယ်လေးသူ့ရင်ခွင်ထဲ...စုန်းစုန်မြှပ်
သွားရမတတ်ဖြစ်သွားရသည်။"အဲ့..အဲ့လောက်ထိမဖက်ထားနဲ့လေ..အသက်ရူ
ကြပ်တယ်...."အသင်ပြောလိုက်မိပေမဲ့..သူ့လက်တွေကပြေကျ
မသွားတဲ့အပြင်....နှာခေါင်းချွှန်ချွှန်ကပါ...ဆံနွယ်တွေကြား
အတင်းတိုးဝှေ့နမ်းနေပြန်တော့...အသင်မနေတတ်တော့သလို
ချွေးစေးတွေပင်ပြန်လာရကာ...
YOU ARE READING
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...