💜စေတန်ရဲ့သတို့သမီး💜
အပိုင်း(၃၂)
💙💙💙💙"ကိုယ်မသိတော့ဘူး...မင်းကိုမှ..ဘာလို့..ဒီလောက်
စွဲလမ်းသွားရတာလဲဆိုတာ..ကိုယ်မသိဘူး..သေချာတာ
တစ်ခုက..ကိုယ့်အနားမှာ..မင်းရှိနေမှဖြစ်မယ်..
အသင်..."ခံစားချက်တစ်မျိုးနှင့်..အက်ရှနေတဲ့..သူ့စကားသံ
အဆုံး..အသင့်..နူတ်ခမ်းလေးတွေပြုံးသွားရကာ..
သူ့ကျောပြင်ကျယ်ကို..ဖွဖွပြန်ဖက်ထားမိရင်း..၊"အသင်လဲ..ရှင့်အနားမှာပဲရှိနေချင်တာပါ..နေ..."
အသင်....ထိုစကားကိုတော့ စိတ်ထဲကနေသာ
ရေရွတ်လိုက်မိခြင်းသာဖြစ်လေတော့၏။~~~~~~~~~~~~💛💛💛
ဒီနေ..အသင်..ခွင့်ယူထားတာ..တစ်ပါတ်ပြည့်ပြီမို့
ရုံးပြန်ဆင်းလာခဲ့သည်။ရုံးထဲကိုလှမ်းဝင်လာလာချင်း
လူရှင်းနေတာကို..အရင်သတိထားလိုက်မိသည်။"ငါပဲ..အစောကြီးရောက်နေတာလား.."
ကိုယ့်အတွေးနဲ့ကိုယ်..ဓာတ်လှေကားနှင့်အပေါ်သို့
တက်လာခဲ့သည်။ရုံးခန်းတံခါးကိုဆွဲအဖွင့်..." ဝဲလ်ကမ်း !!...."
"ရူး..."
"ဟေး..."
အားလုံးရဲ့..ဝမ်းသာအားရအော်ဟစ်သံတွေနှင့်
အတူ...ပါတီပွဲသုံး..ကြိုးလေးတွေက..အသင့်
ကိုယ်ပေါ်မှာ..ပေကျံကုန်သည်။"ဒါ....ဒါက..."
အယ်ဒီတာနှင့်...ကြည်နူးအပါအဝင်...အသင့်ကို
ကြိုဆိုနေကြတဲ့..ဂျာနယ်တိုက်ရဲ့ဝန်ထမ်းတွေ၊"အလုပ်ပြန်ဆင်းတာကို....ကြိုဆိုပါတယ်..အသင်
နေကောင်းသွားပြီမဟုတ်လား..""ဟုတ်ကဲ့..မမ..."
ကြည်နူးက..အသင့်နားကိုလျောက်လာရင်း..
အသင့်ခေါင်းပေါ်ကကြိုးလေးတွေကို..ဖယ်ပေးသည်။"ငါတို့က..နင့်ကို..surpriseလုပ်ဖို့..စောင့်နေတာ..."
ကြည်နူးစကားကြောင့်..အသင်အားလုံးကိုဝေ့ကြည့်
လိုက်ကာ..
KAMU SEDANG MEMBACA
စေတန်ရဲ့သတို့သမီး ( Completed )
Romansaဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...