💛 စေတန်ရဲ့သတို့သမီး 💛
အပိုင်း(၄၁)
🌺🌺🌺🌺"ဒီလောက်....နောက်ကျနေမှ..ကျုပ်ကိုဘာလို့
တွေ့ဖို့ချိန်းရတာလဲ..ဦ်းထွန်းမြတ်....""အရမ်းနောက်ကျနေမှန်းသိပေမဲ့..မပြောမဖြစ်တဲ့
အကြောင်းမို့လိုပါ..ဂျိမ်း...ဖုန်းနဲ့လဲပြောဖို့မဖြစ်လို့"ပုံမှန်မဟုတ်တဲ့ဦးထွန်းမြတ်ရဲ့ပုံစံကိုကြည့်ပြီး...
ဂျိမ်းအနည်းငယ်စိုးရိမ်မိသွားရသည်။"ဘာကိစ္စလဲ...ပြောပါဦး..."
ပြောပါဦးဆိုတာတောင်..ချက်ချင်းမပြောနိုင်ပဲ
စားပွဲပေါ်မှာရှိနေတဲ့..ဝီစကီဖန်ခွက်ကိုအရင်ယူမော့
လိုက်ပြီးမှ.."သခင်လေး..ကျုပ်ကို..သံသယဝင်နေပြီ...."
"ဘာ..ခင်ဗျားဘာပြောတယ်..."
"ဟုတ်တယ်..ဂျိမ်း..သခင်လေးက....ကျုပ်သူ့အတွက်
စီစဉ်ပေးထားတဲ့ဆေးတွေကို..စကာင်္ပူက..ဓာတ်ခွဲခန်းမှာ
စစ်ဆေးခိုင်းထားတယ်...""ခင်ဗျား..ဘယ်ကသတင်းရတာလဲ..."
"အဲ့ဒီ..ဓာတ်ခွဲခန်းမှာ..ကျုပ်ရဲ့တပည့်ပါရဂူတစ်ယောက်
ရှိတယ်..ကျုပ်သူ့ဆီကနေ..သတင်းရထားတာ.."ကြားလိုက်ရတဲ့..သတင်းက..ဂျိမ်းရဲ့ရင်ဝကို..
ပိတ်ကန်လိုက်သလိုပင်..သခင်လေး..ဦးထွန်းမြတ်
အပေါ်သံသယဝင်နေပြီတဲ့လား..."အခု..ဘယ်လိုလုပ်မလဲ..ဂျိမ်း..ဓာတ်ခွဲခန်းက.
အဖြေက..သခင်လေးဆီမကြာခင်ရောက်တော့မယ်..
ကျုပ်ရဲ့ဆေးတွေက..အာရုံကြောတွေရဲ့ပြင်းထန်တဲ့
တုံ့ပြန်မူ့တွေကိုထိန်းချုပ်ပေးနိုင်ပေမဲ့...မှတ်ညဏ်တွေ
ပြန်ရဖို့..ဘာအထောက်အကူမှမပြုနိုင်မှန်းသခင်လေး
သိသွားရင်...နှစ်တွေအကြာကြီး..သူမှတ်ညဏ်ပြန်
မရအောင်...လိမ်ညာခဲ့တဲ့ကျုပ်ကို..ဒီအတိုင်း
ထားမှာ..မဟုတ်ဘူး.."ဦးထွန်းမြတ်ပြောရင်းဆောက်တည်ရာမရတဲ့
လူတစ်ယောက်လို..ဆံပင်တွေထဲ..လက်ထိုးဖွသည်။
BINABASA MO ANG
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...