💜စေတန်ရဲ့သတို့သမီး💜
အပိုင်း(၂၃)
💜💜💜💜"ငါသက်သာပါတယ်ကြည်နူးရဲ့..ဘာမှစိတ်မပူနဲ့
အမှန်တိုင်းပြောရရင်ငါကအလုပ်တောင်ပြန်ဆင်း
ချင်နေတာ..ဒါပေမဲ့...အဲ့ဒီလူကလေ...ဟင်း...
မပြောချင်တော့ပါဘူးဟာ..."အသင်...ဖုန်းပြောနေရင်း...စိတ်ပျက်သလိုလေး..
ုငြီးငြူလိုက်လျှင်ကြည်နူးကရယ်သည်။"ငါလဲ..မနေ့ကရုံးလာလာချင်း..နင့်သတင်းကိုကြားပြီး
အရမ်းလန့်သွားတာ..ဒါပေမဲ့..ဘယ်ဆေးရုံမှာမှန်းလဲ
မသိ၊ဘယ်လိုက်လာရမှန်းလဲမသိ...ပြီးတော့...
ဖုန်းကလဲဆက်လို့မရဆိုတော့..ဘာလုပ်လို့လုပ်ရမလဲ
ကိုမသိပဲ..ပြာသွားတာ..."ကြည်နူးက..အသင့်ကိုတစ်ကယ်စိတ်ပူနေတယ်ဆိုတာ
အသင်သိပါသည်။"ဒါဆို..နင်က..၁ပါတ်နေမှ..အလုပ်ပြန်ဆင်းမှာပေါ့"
"အင်း..ဟုတ်တယ်..အယ်ဒီတာ့ဆီမှာခွင့်တစ်ပါတ်
ယူထားတယ်...""အဖွားဆီရော..နင်ဖုန်းဆက်ပြီးပြီလား.."
"ဆက်ထားတယ်...ဖုန်းပျောက်သွားတယ်ဆိုပြီး
ဖုန်းနံပါတ်အသစ်လှမ်းပေးထားတယ်...အဘွားတို့
ရိပ်သာက..ယောဂီတွေက..ဒီ၃၀ရက်နေ့မှာ...
မော်လမြိုင်ဘက်ကို..ဘုရားဖူးသွားကြမှာတဲ့..
အဲ့ဒါ..ငါဒီတစ်ပါတ်ထဲမှာပဲ..အဘွားဆီသွားတွေ့
ရဦးမယ်..နင်လိုက်ဦးမလား...""အင်း...လိုက်ခဲ့မယ်လေ...ဒါနဲ့အသင်...ရွှေရုပ်လွှာလေ.."
"ရွှေရုပ်လွှာ..သူဘာဖြစ်လို့လဲ..."
အသင်..မေးလိုက်လျှင်...ကြည်နူးကဖုန်းထဲကနေ
လေသံကိုနှိမ့်လိုက်ရင်း..."သူမနေ့က..The Sun Jewellery Showroom
မှာ..အရှက်ကွဲခဲ့တယ်တဲ့...""ဘယ်လို..."
"သူ့ကဒ်က..အပိတ်ခံထားရတယ်ဆိုပြီး..Showroom
ထဲကနေ..ဆွဲထုတ်ခံလိုက်ရတာ..ပြီးတော့.....
ကားပါကင်မှာရပ်ထားတဲ့သူ့ကားကလဲ..ဘယ်သူ့
လက်ချက်မှန်းမသိစုတ်ပြတ်နေတာပဲတဲ့..."
YOU ARE READING
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...