💞စေတန်ရဲ့သတို့သမီး💞
အပိုင်း(၄)
💞💞💞💞"မေးနေတယ်လေ...ဘာလို့ပြန်မဖြေတာလဲ..."
အော်ဟောက်မေးနေတာမဟုတ်ပေမဲ့..အေးစက်
ပြတ်သားနေတဲ့သူ့အသံက...အသင့်ကိုကျောချမ်း
စေသည်။"ဟို...အသင်...အသင်ကလေ...အသင့်ရဲ့..ပစ္စည်း..
ကျန်..ကျန်ခဲ့လို့လာရှာတာပါ..."သူ့လက်ထဲကသေနတ်ကိုကြည့်ပြီး...စကားတွေက
အထစ်ထစ်အငေါ့ငေါ့ဖြစ်နေရသည်။သူကတော့..
အသင့်ကိုစိုက်ကြည့်နေဆဲ...."ငါတို့ပြောတာတွေ...မင်းအကုန်ကြားတယ်မဟုတ်လား"
"ရှင်...ဟုတ်...အဲ...မဟုတ်...အမလေး..."
အယောင်ယောင်အမှားမှားနေစဉ်...နားထင်တည့်တည့်ကို
ချိန်ရွယ်လိုက်တဲ့သေနတ်ကြောင့်...လိပ်ပြာလွင့်မတတ်
အော်လိုက်မိသည်။"ရှင်...ရှင်ကလူဆိုးလားဟင်..."
"မင်း...ဘယ်လိုထင်လို့လဲ..."
"ရှင်..လူရော...သတ်...သတ်လား..."
"ငါလား...အလကားနေရင်းတော့မသတ်ပါဘူး...
ဒါပေမဲ့...ငါ့သွားမဲ့လမ်းမှာလာရူပ်နေတဲ့လူတွေကိုတော့
ချမ်းသာမပေးဘူး...ဥပမာမင်းလိုပေါ့...""ရှင်..."
အထိတ်တလန့်နှင့်...သူမမျက်လုံးလေးတွေဝိုင်းစက်
သွားသည်။ဆံပင်တွေကိုပြောင်ရှင်းနေအောင်
စုသိမ်းထားတာ...ခပ်မြင့်မြင့်လေးထုံးထားတော့..
သူမမျက်နှာလုံးလုံးလေးကရှင်းနေသည်။နဂိုကထဲက
ဝိုင်းတဲ့မျက်နက်ဝန်းလေးတွေက...ကြောက်စိတ်ကြောင့်
ပိုပြီးဝိုင်းစက်နေသည်။နေ့ရဲ့လက်ထဲကသေနတ်ကို...
ကြည့်ပြီး...သူမကတံထွေးတွေလဲခဏခဏမြိုချနေသည်။နေ....ကြောက်စိတ်လွန်နေသည့်သူမကိုကြည့်ပြီး..
ရယ်ချင်မိသွားရသည်။ထို့ကြောင့်...တမင်ခြောက်လှန့်
ချင်လို့...ချိန်ထားတဲ့သေနတ်ကို...မောင်းတင်လိုက်တော့.....။
CZYTASZ
စေတန်ရဲ့သတို့သမီး ( Completed )
Romansဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...