part.61( unicode )

3.6K 65 1
                                    

🌺​စေတန်​ရဲ့သတို့သမီး🌺

အပိုင်း(၆၁)
🌸🌸🌸🌸

"​ရော့..."

လက်​ထဲကပီ​ကေဘူး​လေးကို...​နေ့ထံခပ်​တည်​တည်​နှင့်
လှမ်း​ပေး​နေ​သော..သူမ....

အခန်းထဲ​ရောက်​တဲ့အထိလဲ..သူမပီ​ကေကိုတလူပ်​လူပ်​
ဝါး​နေတုန်းပင်​....
​နေ..သူမရဲ့စိုအိအိနူတ်​ခမ်းသား​လေး​တွေကို...
အသည်းယားစွာ​စိုက်​ကြည့်​နေမိ​တော့

"ဘာလို့ကြည့်​နေတာလဲ...ယူ​လေ...ရှင်​ပဲ...အခန်းထဲ
​ရောက်​ရင်​ပီ​ကေစားမယ်​ဆို... "

​ပြောရင်း..စိတ်​မရှည်​ဟန်​​လေးနှင့်​နေ့လက်​ကို
ဆွဲယူကာပီ​ကေဘူးကိုအတင်းထည့်​ပေးသည်​။

"ဟုတ်​တယ်​..ကိုယ်​​မေ့သွားတယ်​..မင်းမှမမှတ်​မိတာပဲ"

စိတ်​ထဲက​နေ..ခပ်​တိုးတိုး​ရေရွတ်​လိုက်​မိခြင်းနှင့်အတူ
အခုလိုမျိုး..​နေနဲ့ပါတ်​သတ်​တဲ့
အမှတ်​တရ​ပေါင်းများစွာကို.​...​မေ့​ပျောက်​​နေခဲ့တဲ့.
သူမကိုကြည့်ပြီး...​နေရင်​နင့်သွားရကာ...မပီမပြင်​
အပြုံးတစ်​ခုနှင့်..သူမ​ခေါင်း​လေးကိုလှမ်းပွတ်​
လိုက်​သည်​။

"ကိုယ်​မစား​ချင်​​တော့ဘူး...."

ပီ​ကေဘူးကို...သူမလက်​ထဲပြန်​ထည့်​ပေးရင်း...
လ​သာ​ဆောင်​ဘက်​ကို​လျောက်​လာမိတာက....
ရင်​ထဲမှာမွန်းကြပ်​လာရ၍ဖြစ်​သည်​။

အဆင်​​ပြေတယ်​လ်ို့​ကြွေး​ကြော်​ထားခဲ့​ပေမဲ့....
သူမ,​မမှတ်​မိလဲဖြစ်​ပါတယ်​လို့..ကိုယ့်ကိုကိုယ်​
အားတင်းထားခဲ့​ပေမဲ့....

တစ်​စတစ်​စဖွဲမီးလိုတ​ငွေ့​ငွေ့ကျွမ်း​လောင်​​နေခဲ့တဲ့
ရင်​အစုံကပြာကျမတတ်​....

သူမကိုအရာအားလုံးပြန်​မှတ်မိ​စေချင်​ပဲ့မဲ..သူမ
နာကျင်​ရမှာကိုစိုးသည်​။ထို့အတူအမှန်​တရားကို
လက်​မခံနိုင်​ပဲ..သူမ​နေ့ကိုစွန့်ခွာသွားမှာကို..​သေမတတ်​
​စိုးရွံ့မိ​နေရတာက..ဝဋ်​​ကြွေးတစ်​ခုများလား...
အဲ့လိုသာဖြစ်​ခဲ့မယ်​ဆိုရင်​..ကိုယ်​...ပုံပြင်​ထဲက..
နတ်​ဆိုးကြီးထက်​အဖြစ်​ဆိုးသွားမယ်​ထင်​တယ်​...

စေတန်ရဲ့သတို့သမီး ( Completed )Where stories live. Discover now