🌺စေတန်ရဲ့သတို့သမီး🌺
အပိုင်း(၇၀)
🌸🌸🌸🌸"Shark".....The Sun groupရဲ့ပိုင်ဆိုင်မူ့တွေထဲက
တစ်ခုဖြစ်သည့်...နာမည်ကြီးပြဇာတ်ရုံကြီး..."ဝေါ..."
"ဝူး..ဝေါ.."
အုတ်တံတိုင်းအမြင့်ကြီးတွေကာရံထားသည့်
ထိုပြဇာတ်ရုံကြီးရဲ့ဝင်းထဲသို့...မှန်တွေတင်ထားတဲ့
အနက်ရောင်ကား၆စီးရှေ့ဆင့်နောက်မောင်းဝင်
လာခဲ့သည်။"ကျွီ....ကျွီ....ကျွီ...."
ကျယ်လောင်လှသော..ဘရိတ်အုပ်သံတွေနှင့်...
ကား၆စီးမှ..မျက်နှာချင်းဆိုင်..အနေအထားနှင့်
၃စီးဆီရပ်တန့်သွားသည်။ချက်ချင်းပင်ကားအသီးသီးပေါ်ကဆင်းလာတဲ့
သူတွေက...သတိအနေအထားနှင့်နေရာယူလိုက်
ကြသည်။အလယ်ကကားပေါ်ကဆင်းလာတဲ့ဇ,က.......
နေရှိနေတဲ့ကားနောက်ခန်းတံခါးကိုတရိုတသေ
ဖွင့်ပေးလိုက်သလို...တစ်ဖက်ကားပေါ်ကမင်းခကလဲ
နိဒါန်းရှိနေသည့်..ကားနောက်ခန်းတံခါးကိုကပျာ
ကယာဖွင့်ပေးလိုက်သည်။နှစ်ဦးစလုံးကားပေါ်ကဆင်းကာလျှောက်လှမ်းလာခဲ့ပြီး
မျက်နှာချင်းဆိုင်ရပ်လိုက်မိကြတဲ့အခါ..."Right timeပဲနေကုဋာ...တစ်စက္ကန့်လေးတောင်
နောက်မကျဘူးပဲ....""ကောင်းကျိုးမရှိတဲ့မင်းနဲ့ငါ့ရဲ့ရေစက်ဆိုးကို...
တစက္ကန့်လောက်ပဲဖြစ်ဖြစ်စောပြီးအဆုံးသတ်နိုင်
တော့...ပိုမကောင်းဘူးလား..."နိဒါန်းရဲ့ခပ်ရွဲ့ရွဲ့အပြောကို..နေက..ခပ်ထေ့ထေ့ဖြင့်
ပြန်လည်ချေပလိုက်သည်။"ကောင်းကျိုးမရှိတဲ့..ရေစက်ဆိုးတဲ့လား..အဟက်
ဟုတ်မှာပါ...ဒါပေမဲ့..ကောင်းကျိုးမရှိတဲ့..ရေစက်ဆိုး
ဆိုတာထက်...အမြဲတမ်းငါ့ရှေ့မှာဆူးညှောင့်ခလုတ်
တစ်ခုလိုရှိနေခဲ့တာက...မင်းမဟုတ်လား...."
YOU ARE READING
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...