🌺စေတန်ရဲ့သတို့သမီး🌺
အပိုင်း(၆၈)
🌸🌸🌸🌸သူမစောင့်နေတယ်ဆိုတဲ့အသိတစ်ခုနှင့်..အားတင်း
လာခဲ့ရတဲ့..စိတ်အစဉ်က...ခြံထဲကိုကားမောင်း
ဝင်လာခဲ့ချိန်..ပေါ်တီကိုအောက်မှာရပ်စောင့်နေတဲ့
သူမကိုမြင်လိုက်ရတော့...ရင်ထဲမှာမောလျသွား
ခဲ့ရသည်။"တီ...."
နေ..ဟွန်းတီးလိုက်တာနှင့်..မိုးရေထဲပြေးထွက်လာ
ခဲ့တဲ့သူမ...."ကျွီ..."
ခနဲနေအောင်ဘရိတ်ကိုဆောင့်အုပ်လိုက်ရင်း...
နေ့ရဲ့နူတ်ခမ်းတွေကပြုံးမိသွားရတာက..ကျေနပ်
ခြင်းများနှင့်...ကားပေါ်ကနေကြိုးစားဆင်းလိုက်ပြီး
မူးဝေနာကျင်မူ့ကြောင့် ယိုင်နဲ့နေတဲ့...ခြေလှမ်းတွေက
ဆက်လှမ်းဖို့မဖြစ်နိုင်မှန်း..ကိုယ့်ကိုကိုယ်သိလိုက်
တာမို့...နေ့ထံပြေးလာနေပြီဖြစ်တဲ့သူမကိုသာ..
လက်ကမ်း၍ကြိုလိုက်တဲ့အခါ..."ကိုကို...."
တမ်းတမ်းတတခေါ်သံလေးနှင့်အတူ..နေ့ကို...
ပြေးဝင်ဖက်တွယ်လိုက်တဲ့သူမကို...တင်းကြပ်စွာ
ပြန်လည်ဖက်တွယ်ထားလိုက်မိသည်။"ဘာလို့နောက်ကျနေတာလဲ...အသင်အကြာကြီး
စောင့်နေခဲ့ရတာ...."ငိုသံပါလေးနှင့်..ပြစ်တင်သလိုပြောလိုက်တဲ့....
စကားသံလေးကိုနားထောင်ရင်းမပီမပြင်ပြုံးလိုက်
မိတဲ့..နေ...."တောင်းပန်ပါတယ်...ချာတိတ်ရယ်...."
တောင်းပန်စကားကို...ခပ်တိုးတိုးဆိုလိုက်မိရင်း..
သူမဆီပြန်လာနိုင်ခဲ့ပြီဆိုတဲ့အသိနှင့်..တင်းခံထားတဲ့
စိတ်ကို..လုံးဝလျော့ချလိုက်သည့်အခါ...."နေ......"
မိုးသံကြားထဲမှာ..အသင့်ရဲ့အသံလေးကစူးခနဲ
ထွက်သွားခဲ့ရင်း..ကားဘေးမှာပြိုလဲကျသွားတဲ့
သူ့ရဲ့ကိုယ်ကြီးကို...မနိုင်မနင်းနှင့်စိုးရိမ်တကြီး
ပွေ့ပိုက်ထားလိုက်မိသည်။
YOU ARE READING
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...