🌺စေတန်ရဲ့သတို့သမီး🌺
အပိုင်း(၆၃)
🌸🌸🌸🌸"ဟဲလို......"
ဖုန်းထဲကနေကြားနေရတဲ့..အသက်ရူသံသဲ့သဲ့လေး
ပျောက်ကွယ်သွားပြီးနောက်...ကြားလိုက်ရတဲ့
အေးစက်တင်းမာနေသော..အသံတစ်ခုကြောင့်
ဖုန်းကိုင်ပြီးပြုံးနေတဲ့..နိဒါန်းရဲ့နူတ်ခမ်းတွေတင်းတင်း
စေ့သွားရသည်။"နေကုဋာ...."
"မင်းက...ငါ့အသံကိုတော့မှတ်မိနေသားပဲ..."
"မင်းယဉ်ကျေးမူ့မရှိဘူးလား...ငါအသင်နဲ့ဖုန်းပြော
နေတာ..သူ့ကိုဖုန်းပြန်ပေးလိုက်ပါ..."အချိူးမပြေတဲ့..နိဒါန်းသစ်ကြောင့်..နေ..ခပ်မဲ့မဲ့
ရယ်လိုက်မိသည်။အရှေ့မှာရှိနေတဲ့..သူမကတော့
နေ့ကိုကြည့်ပြီး..နားမလည်သလိုမျက်လုံးလေး..
ဝိုင်းနေရှာ၏...."ငါ့ချစ်သူနဲ့..မင်းက..ဘယ်တုန်းက...တရင်းတနှီး
ရှိခဲ့ဖူးလို့..သူ့ဆီကိုဖုန်းဆက်နေရတာလဲ...""အဟွန်း..အဲ့ဒါတော့..သူ့ကိုမေးကြည့်ပေါ့ကွာ...
ဪ..ငါမေ့လို့..မင်းမေးလဲအသင်ကအခုဘယ်ပြော
နိုင်မှာလဲ...သူက..အခုမှတ်ညဏ်တွေဆုံးရူံးနေတာကိုး""ဘာ...."
ဒေါသနှင့်..နေ့အသံဟိန်းထွက်သွားခဲ့လျှင်....သူမ
ဆတ်ခနဲတုန်သွားသည်။...နေ..သူမလန့်သွားမှာ
စိုးပြီး..ဖုန်းကိုင်လျက်...လသာဆောင်ဘက်ထွက်
လာခဲ့သည်။"အသင်က..အခုမင်းကိုတောင်မမှတ်မိတဲ့အခြေအနေ
မဟုတ်လား..အဲ့တော့..ငါ့ကိုလဲဘယ်မှတ်မိပါ့မလဲ"လှောင်သလိုပြောလာတဲ့စကားတစ်ခွန်းကြောင့်
နေ...လက်သီးကိုဆုပ်လိုက်မိတာတင်းခနဲ...."မင်းက..အသင့်အကြောင်းတွေစုံစမ်းနေတယ်ပေါ့..."
နေ့အမေးကြောင့်..နိဒါန်းသစ်ကခပ်ဟက်ဟက်
ရယ်သည်။"ငါစိတ်ဝင်စားနေတဲ့..မိန်းကလေးအကြောင်းပဲ
စုံစမ်းနေခဲ့တာဘာဆန်းလဲ...ပိုပြီးစိတ်ဝင်စားစရာ
ကောင်းတာက..သူက..နတ်ဆိုးကိုယ်တိုင်စောင့်ကြပ်တဲ့
ပန်းကလေးတစ်ပွင့်ဖြစ်နေတယ်လေ...ဟက်..ဟက်..."
YOU ARE READING
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...