💞စေတန်ရဲ့သတို့သမီး💞
အပိုင်း(၆)
💞💞💞💞A-23
အခန်းနံပါတ်ကိုကြည့်ရုံမျှနှင့်ပင်...အသင်ကျောချမ်း
သွားရသည်။"မဝင်ပြန်ရင်လဲ...ငါ့ဆွဲကြိုးကို...အဲ့ဒီလူရူပ်ကောင်က
ပြန်ပေးမှာမဟုတ်ဘူး......"အသင်...အခန်းရှေ့မှာခြေစုံရပ်ပြီး...ချီတုံချတုံ
ဖြစ်နေစဉ်..."ကျွီ.."
ဖျပ်ခနဲပွင့်သွားတဲ့အခန်းတံခါးနဲ့...အခန်းဝမှာ
ပေါ်လာတဲ့သူ့ပုံရိပ်ကြောင့်...အသင်...တုန်သွားရသည်။"ရှင်..."
တစ်ခုခုပြောရန်ပြင်ပြီး...သူ့ကိုကြည့်လိုက်ပေမဲ့..
မျက်လုံးချက်ချင်းပြန်လွဲမိသွားရသည်။
ရှပ်အင်္ကျီတစ်ထည်ကို...ကြယ်သီးမတပ်ထားပဲ
ရင်ကွဲဝတ်ထားတဲ့...သူ့ရဲ့..ခနာ္တကိုယ်အပေါ်ပိုင်းက
Abs musclesတွေနဲ့တောင့်တင်း
ကြည့်ကောင်းနေတာကြောင့်...။" ............ "
နေ...အခန်းရှေ့မှာရပ်နေတဲ့ကောင်မလေးကိုကြည့်ပြီး
လှစ်ခနဲပြုံးလိုက်မိသည်။"မင်းလာမယ်ဆိုတာ...ကိုယ်သိသားပဲ..."
"ရှင့်ဆီလာတာမဟုတ်ဘူး...အသင်အခုမှစဉ်းစား
နေတုန်းရှိသေးတာ..."သူမကမျက်နှာလေးလွှဲထားရင်းမှပြောသည်၊
"ဘာပဲပြောပြော...မင်းအခု...အခန်းရှေ့ကို
ရောက်နေတာပဲမဟုတ်လား...လာခဲ့...""အို..."
သူကအသင့်ကိုအခန်းထဲဆွဲသွင်းသွားကာ...တံခါးကို
ပိတ်လိုက်သည်။"ရှင်...လွှတ်ပါ..."
အခန်းထဲရောက်တော့...သူဆွဲလာတဲ့လက်ကို...
အသင်ဆောင့်ရုန်းလိုက်တော့...သူယိုင်ခနဲ
ဖြစ်သွားသည်။"ဟင်..."
အသင်နည်းနည်းအံ့ဩသွားရသည်။ပြီးခဲ့တဲ့နေ့တွေက
လက်တစ်ဖက်ထဲနဲ့တောင်..အသင့်ကိုကောင်းကောင်း
ချုပ်ထားနိုင်တဲ့သူက...ဒီလောက်လေးနဲ့ယိုင်နဲ့
သွားရလား...ပြီးတော့သူ့မျက်နှာကဖြူဖက်ဖြူရော်
ဖြစ်နေသလိုပင်...
YOU ARE READING
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...