part.56

2.3K 44 1
                                    

🌺​စေတန်​ရဲ့သတို့သမီး🌺

        အပိုင်း(၅၆)
        🌸🌸🌸🌸

"မင်းကိုယ့်ကို​ပြောခဲ့ဖူးတယ်​..ကိုယ်​မရှိရင်​..မင်း
အသက်​ရှင်​နိုင်​မှာ..မဟုတ်​ဘူးတဲ့...."

စကားအဆုံး...ရိပ်​ခနဲနီးကပ်​လာတဲ့သူ့မျက်​နှာက..
နှာ​ခေါင်းဖျားချင်းထိကပ်​မိသွားသည်​အထိ.....
သူက..အသင့်မျက်​ဝန်း​တွေထဲ..အထိ..စိုက်​ကြည့်ရင်း...

"မင်း..ကိုယ့်မျက်​ဝန်း​တွေထဲကိုစိုက်​ကြည့်ပြီး....
အဲ့လို​ပြောခဲ့ဖူးတယ်​...."

အသင်​..နီးကပ်​လွန်း​နေတဲ့..သူ့မျက်​နှာ​ချော​ချောကို
​ငေးကြည့်ရင်း..ထူးဆန်းစွာပဲ..တဒိတ်​ဒိတ်​ခုန်​​ပေါက်​
လာတဲ့..နှလုံးသားနှင့်..​ပြောစရာစကား​တွေက..
​ပျောက်​ရှကုန်​ခဲ့ရသည်​။

"အ..အသင်​..ရှင်​​ပြောတာ​တွေတစ်​ခုမှမမှတ်​မိဘူး...."

စိတ်​ကိုတင်းကာ...ငြင်းဆန်​သလို​လေး​ပြောလိုက်​ရင်း
သူ့လက်​ကို..ထပ်​ပြီး..ဖယ်​ချ​​တော့..သူကအသာတကြည်​ပဲ
လွှတ်​​ပေးသည်​။

"အဆင်​​ပြေသွားမှာပါ...မင်းမမှတ်​မိလဲ..ဖြစ်​တယ်​......"

သူစကား​ကြောင့်..အသင်​..သူ့ကိုဖျပ်​ခနဲ..မျက်​လွှာ​လေး
ပင့်ကြည့်လိုက်​မိသည်​။ထိုအခါ..အသင့်ဆီက...
တခဏ​လေး​တောင်​​ရွေ့လျားမသွားတဲ့..ရီ​ဝေစူးရှ
​နေတဲ့..အကြည့်​တွေနဲ့သူက....

"၁လ...၁နှစ်​...မဟုတ်​ဘူး..၁၀စုနှစ်​တစ်​ခုကြာ
​အောင်​..မင်းကိုယ့်ကို​မေ့​နေမယ်​ဆိုလဲ...ဒါမှမဟုတ်​
မင်းကိုယ့်ကို..ဘယ်​​တော့မှပြန်​သတိမရလာ​တော့ဘူး
ဆိုရင်​​တောင်​...ကိုယ်​က​တော့..မင်းကိုလက်​လွှတ်​မှာ
မဟုတ်​ဘူး...."

​ပြောရင်း....​​ပေါင်​​ပေါ်မှာရှိ​နေတဲ့..အသင်​လက်​​လေး
တစ်​ဖက်​ကို..တင်းကြပ်​စွာ..ဆုပ်​ကိုင်​ထားလိုက်​တဲ့
သူ....

"ကိုယ်​တို့နှစ်​​ယောက်​ရဲ့ပါတ်​သတ်​မူ့ကို...၁က​နေ
ပြန်​စရမယ်​ဆိုရင်​​တောင်​..မင်းကိုယ့်ကိုထပ်​ပြီး
ချစ်​လာမှာပါ...."

အသင်​...ယုံကြည်​မူ့​တွေပြည့်ဝ​နေတဲ့..သူ့မျက်​ဝန်း
​တွေကို​ငေးကြည့်ပြီး...အညို့ခံထားရတဲ့သူတစ်​​ယောက်​လို
သူ့ထံမှအကြည့်မလွှဲနိုင်​ခဲ့..

စေတန်ရဲ့သတို့သမီး ( Completed )Where stories live. Discover now