💜စေတန်ရဲ့သတို့သမီး💜
အပိုင်း(၂၅)
💜💜💜💜" ဟင့်အင်း...အသင်ပီကေမစားပါဘူး...မစားဘူး "
အသင်ပြောလဲပြောတံခါးကိုလည်းပြန်ပိတ်ဖို့ပြင်လိုက်ပေမဲ့
အသင့်ထက်လက်မြန်တဲ့သူက တံခါးကိုတွန်းလိုက်သည်။အားချင်းမမျှတာကြောင့် အသင့်ကိုယ်လေးတံခါးနားကနေ
နှစ်လှမ်းလောက်ဆုတ်သွားရချိန်မှာ သူကတော့အခန်းထဲကို
လှမ်းဝင်လာခဲ့ပြီဖြစ်၏။" ငါတော့သွားပြီပဲ.... "
အမြန်ပဲပါစပ်ထဲကပီကေကို လက်ထဲထွေးထုတ်ပြီး
လက်နှစ်ဖက်လုံးအနောက်ကိုပစ်လိုက်တာက သူအသင့်ရှေ့မှာ
ခြေစုံရပ်လိုက်တာနှင့်ကွက်တိမို့ အသင့်ခန္ဓာကိုယ်လေး
တုန်တက်သွားရ၏။" ............. "
နေအကြောက်လွန်နေသည့်ကောင်မလေးကိုကြည့်ကာ
ရယ်လိုက်မိသည်။ အသည်းယားစရာကောင်းလှတဲ့သူမကို
ခပ်ကြမ်းကြမ်းနမ်းရိူက်ပစ်လိုက်ချင်ပေမဲ့စိတ်ကိုထိန်းချုပ်
ထားရင်း....၊" ရော့.... "
လက်ထဲက ရေခဲမုန့်ဘူးထည့်ထားတဲ့အိတ်လေးကို
လှမ်းပေးလိုက်တော့ သူမကမျက်လုံးဝိုင်းလေးနှင့်အံ့ဩသလို
မော့ကြည့်သည်။"ဘာကြည့်နေတာလဲ မယူဘူးလား.... "
ထပ်ပြောလိုက်မှလက်တုန်ခြေတုန်နှင့်လှမ်းယူသည်။
"နှစ်ပွဲဝယ်ခဲ့တယ်..မင်းမဝမှာစိုးလို့..."
အသင်..သဘောကောင်းနေတဲ့..သူ့ကိုကြည့်ပြီး..
အံ့ဩနေရစဉ်မှာပဲ သူကရေခဲမုန့်ဘူးတွေကို
အသင့်ဆီလှမ်းပေးပြီးအထဲဝင်လာလျက်
သူကအသင့်ကုတင်နားကို
လျှောက်သွားကာ..မွေ့ယာပေါ်တက်ထိုင်ရင်း...
အသင်ဖတ်နေတဲ့ပုံပြင်စာအုပ်ကိုယူကြည့်သည်။"မင်းက..ဒီအရွယ်ပဲရောက်နေပြီ...ပုံပြင်တွေက..
ဖတ်တုန်းလား..."
ESTÁS LEYENDO
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...