part.72(zawgyi)

1.1K 4 0
                                    

🌺​စေတန်​ရဲ့သတို့သမီး🌲

       အပိုင်း(၇၂)
       🌸🌸🌸🌸

"ကိုကို..."

နေ့ကိုမြင်​ပြီး...အထိတ်​တလန့်​ဖြစ်​သွားတဲ့သူမရဲ့
အမူအယာကိုနားမလည်​နိုင်​စွာပဲ...သူမလက်​ထဲက​နေ
ေ​န့..ခြေ​ထောက်​နားကိုပြုတ်​ကျလာတဲ့...တစ်​စုံတစ်​ရာကို
ကောက်​ယူရန်​ပြင်​လိုက်​စဉ်​..

လှစ်​ခနဲ​နေ​အောင်​...လက်​မြန်​​ခြေမြန်​နှင့်​​နေ့ထက်​ဦး​အောင်
ကောက်​ယူလိုက်​တဲ့သူမ...

"အဲ့ဒါ..ဘာလဲ...ချာတိတ်​..."

"ဟင့်​အင်း...ဘာမှမဟုတ်​ပါဘူး..ကိုကိုရဲ့.."

နေ့ကိုပြန်​​ဖြေရင်း..သူမကထိုလက်​ကို​နောက်​သို့
မသိမသာဝှက်​သည်​။တစ်​စုံတစ်​ရာကိုစိတ်​လူပ်​ရှား​နေသလို
ချွေးစို့​နေ​တဲ့...မျက်​နှာ​လေးကိုကြည့်​ပြီး..သူမတစ်​ခုခု
ဖြစ်​​နေတယ်​ဆိုတာ...​နေအတပ်​သိ​နေသည်​။

"ဘာကိုဘာမှမဟုတ်​ရမှာလဲ...ပြစမ်းပါ..ကိုယ့်​ကို
စိတ်​ပူ​အောင်​မလုပ်​နဲ့...."

နေ...သူမလက်​​လေးကိုဆွဲယူကြည့်​ရန်​ပြင်​​တော့..
သူမက...လက်​တစ်​ဖက်​နှင့်​ဟိုကာဒီကာလုပ်​ရင်း...

"ဘာမှမဖြစ်​ပါဘူး...အသင်​တစ်​ကယ်​​ပြော​နေတာ...
ကိုကိုကအသင့်​အခန်းထဲဘာလာလုပ်​တာလဲဟင်​..."

"အပြင်​မှာအရမ်း​အေး​တယ်​...မင်းအခန်းအပူချိန်​ကို
တင်​ဖို့​မေ့​နေမှာစိုးလို့ကိုယ်​လာကြည့်​တာ..."

အသင်​​မေးတာကို...ပြန်​​ဖြေရင်း..ရိပ်​ခနဲလူပ်​ရှားသွားတဲ့..
သူ့လက်​တစ်​ဖက်​က...အသင့်​လက်​​မောင်းကိုဆုပ်​ကိုင်
လိုက်​ကာ...လူတစ်​ကိုယ်​လုံးကိုအသာ​လေးဆွဲ
လှည့်​လိုက်​ပြီး....

"အို...ကိုကို...."

အထိတ်​တလန့်​​လေး​အော်​လိုက်​မိစဉ်​မှာပဲ...လက်​ထဲက
အရာက...သူ့​ဆီပါသွားခဲ့ပြီဖြစ်​သည်​။

"ဟင်​...ဒါက..."

နေ..လက်​ထဲမှာပါလာတဲ့....ဆီးစစ်​ကရိယာ​လေးကို
ကြည့်​ပြီးအံ့ဩသွားခဲ့ရပြီး.....
မယုံနိုင်သလိုစူးစိုက်သွားတဲ့မျက်ဝန်းေ​​​တွက​ဆီးစစ်​တံမှာ​ပေါ်​နေ​တဲ့
လိုင်းနှစ်​​ကြောင်းကိုပါမြင်​လိုက်​ရချိန်​...လူတစ်​ကိုယ်​လုံး
မြှောက်​တက်​သွားသလိုခံစားလိုက်​ရပြီး

စေတန်ရဲ့သတို့သမီး ( Completed )Onde histórias criam vida. Descubra agora