part.70(unicode)

3K 59 0
                                    

🌺​စေတန်​ရဲ့သတို့သမီး🌺

        အပိုင်း(၇၀)
        🌸🌸🌸🌸

"Shark".....The Sun groupရဲ့ပိုင်​ဆိုင်​မူ့​တွေထဲက
တစ်​ခုဖြစ်​သည့်...နာမည်​ကြီးပြဇာတ်​ရုံကြီး...

"​ဝေါ..."

"ဝူး..​ဝေါ.."

အုတ်​တံတိုင်းအမြင့်ကြီး​တွေကာရံထားသည့်
ထိုပြဇာတ်​ရုံကြီးရဲ့ဝင်းထဲသို့...မှန်​​တွေတင်​ထားတဲ့
အနက်​​ရောင်​ကား၆စီး​ရှေ့ဆင့်​နောက်​​မောင်းဝင်​
လာခဲ့သည်​။

"ကျွီ....ကျွီ....ကျွီ...."

ကျယ်​​လောင်​လှ​သော..ဘရိတ်​အုပ်​သံ​တွေနှင့်...
ကား၆စီးမှ..မျက်​နှာချင်းဆိုင်​..အ​နေအထားနှင့်
၃စီးဆီရပ်​တန့်သွားသည်​။

ချက်​ချင်းပင်​ကားအသီးသီး​ပေါ်ကဆင်းလာတဲ့
သူ​တွေက...သတိအ​နေအထားနှင့်​နေရာယူလိုက်​
ကြသည်​။

အလယ်​ကကား​ပေါ်ကဆင်းလာတဲ့ဇ,က.......
​နေရှိ​နေတဲ့ကား​နောက်​ခန်းတံခါးကိုတရိုတ​သေ
ဖွင့်​ပေးလိုက်​သလို...တစ်​ဖက်​ကား​ပေါ်ကမင်းခကလဲ
နိဒါန်းရှိ​နေသည့်..ကား​နောက်​ခန်းတံခါးကိုကပျာ
ကယာဖွင့်​ပေးလိုက်​သည်​။

နှစ်​ဦးစလုံးကား​ပေါ်ကဆင်းကာ​လျှောက်​လှမ်းလာခဲ့ပြီး
မျက်​နှာချင်းဆိုင်​ရပ်​လိုက်​မိကြတဲ့အခါ...

"Right timeပဲနေကုဋာ...တစ်​စက္ကန့်​လေး​တောင်​
​နောက်​မကျဘူးပဲ...."

"​ကောင်းကျိုးမရှိတဲ့မင်းနဲ့ငါ့ရဲ့​ရေစက်​ဆိုးကို...
တစက္ကန့်​လောက်​ပဲဖြစ်​ဖြစ်​​စောပြီးအ​ဆုံးသတ်​နိုင်​
​တော့...ပိုမ​ကောင်းဘူးလား..."

နိဒါန်းရဲ့ခပ်​ရွဲ့ရွဲ့အ​ပြောကို..​နေက..ခပ်​​ထေ့​ထေ့ဖြင့်
ပြန်​လည်​​ချေပလိုက်​သည်​။

"​ကောင်းကျိုးမရှိတဲ့..​ရေစက်​ဆိုးတဲ့လား..အဟက်​
ဟုတ်​မှာပါ...ဒါ​ပေမဲ့..​ကောင်းကျိုးမရှိတဲ့..​ရေစက်​ဆိုး
ဆိုတာထက်​...အမြဲတမ်းငါ့​ရှေ့မှာဆူး​ညှောင့်ခလုတ်​
တစ်​ခုလိုရှိ​နေခဲ့တာက...မင်းမဟုတ်​လား...."

"မင်း​သေချာစဉ်းစားပြီးမှ​ပြောပါနိဒါန်းသစ်​....
​နေကုဋာဆိုတဲ့ငါက...အမြဲတမ်းငါ့စည်းငါ့​ဘောင်​ထဲ
မှာပဲ​နေခဲ့တယ်​...မင်းနဲ့ထိပ်​တိုက်​​တွေ့ခဲ့ရတဲ့ကိစ္စ
မှန်​သမျှက...မင်းဘက်​ကစလို့ဖြစ်​ခဲ့ရတာချည်းပဲ
ဆိုတာ...​မေ့​နေတာလား...."

စေတန်ရဲ့သတို့သမီး ( Completed )Where stories live. Discover now