🌺စေတန်ရဲ့သတို့သမီး🌺
အပိုင်း(၄၄)
🌸🌸🌸"ကိုယ်တောင်းပန်ပါတယ်..ချာတိတ်ရယ်...."
"အခုမှ..လာတောင်းပန်မနေနဲ့..ရှင်..အသင့်ကို..
အကြာကြီးပစ်ထားတာ..အသင်ရှင့်ကိုအရမ်းမုန်းတယ်
သိလား..ဟင့်..ဟင့်..."ပြောလဲပြော..ငိုလဲငိုနှင့်သူမကနေ့ကျောပြင်ကို
လက်သီးဆုပ်လေးတွေနှင့်ထုရိုက်နေသည်။နေ..
သူမရဲ့..လွမ်းဒေါသတွေကိုကျေနပ်စွာခံယူနေရင်း
ခနာ္တကိုယ်လေးကို..လွတ်ထွက်သွားမှာစိုးသည့်
အလား..တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတဲ့..
လက်တွေက..ပြေလျော့မသွားခဲ့...၊ချစ်သူနှစ်ယောက်အလွမ်းသယ်နေကြတာကို...
မေနွမ်းအပါအဝင်ဧည့်ခန်းထဲမှာရှိနေတဲ့သူတွေ
အားလုံးက..မကြည့်သင့်လို့ခေါင်းငုံ့ထားကြပေမဲ့
ရင်ထဲမှာတော့..ဝမ်းသာကြည်နူးခြင်းများနှင့်သာ။ဒါပေမဲ့..အားလုံးနဲ့ဆန့်ကျင်စွာ..ထိုကြည်နူးစရာ
မြင်ကွင်းလေးကိုစိုက်ကြည့်နေမိတဲ့ဂျိမ်းကတော့...."ဟင်း..."
အလိုမကျသလို..သက်ပြင်းတစ်ချက်နှင့်..မျက်နှာ
လွှဲလိုက်လေတော့၏။~~~~~~~~~~~💜💜💜
"အသင်....ခဏနေဦးလေ...ချာတိတ်..."
နေ..လှမ်းခေါ်ရင်း..အရှေ့ကနေအပြေးတစ်ပိုင်းလေး
လှမ်းနေတဲ့..သူမရဲ့နောက်ကနေ....ခြေလှမ်းကြဲကြီး
တွေနှင့်..လိုက်လာခဲ့ရသည်။"နေဦးလို့ပြောနေတာကိုကွာ...."
သူမကို..မှီသွားနှင့်..လက်မောင်းလေးကိုလှမ်းဆွဲ
လှည့်လိုက်တော့..သူမခန္ဓာကိုယ်လေးတစ်ပါတ်လည်
သွားကာ..နေ့ဘက်ကိုမျက်နှာချင်းဆိုင်လေးလှည့်
လာ၏..ခုထိမျက်ရည်မခြောက်သေးတဲ့မျက်ဝန်း
လေးတွေနှင့်..သူမက..နူတ်ခမ်းလေးထော်နေပြန်တော့..
နေ..သဘောကျစွာပြုံးလိုက်မိရင်း...၊"ကိုယ့်ကိုစိတ်ဆိုးနေတာလား...."
ဪ...မေးတတ်တယ်နော်..လူကိုအကြာကြီး
ပစ်ထားတုန်းကထားပြီးတော့...၊
YOU ARE READING
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...