part.62(uni&zawgyi)

2.3K 38 1
                                    

🌺​စေတန်​ရဲ့သတို့သမီး🌺

      အပိုင်း(၆၂)
      🌸🌸🌸🌸

အခန်းထဲလှမ်းဝင်​လာလာချင်း....နှာ​ခေါင်းထဲ
ဝ​င်​​ရောက်​လာတဲ့...ယဉ်​ပါး​နေတဲ့...​ဆေးရည်​ရနံ့...

​နေ..​ရေစိမ်​ချိုးဖို့​မေနွမ်းလာပြင်​​ပေး​နေတယ်​လို့
ထင်​လိုက်​မိ​ပေမဲ့လဲ...အခန်းထဲကို​ဝေ့သွားတဲ့...
မျက်​ဝန်း​တွေက..သူမကိုမ​တွေ့တဲ့အခါ...

"ကျွီ...."

​ရေချိုးခန်းနားကို..​လျောက်​သွားရင်းတံခါးကို
ခပ်​​ဖြေး​ဖြေးဖွင့်ကြည့်လိုက်​​တေ့...​တွေ့ပါပြီ...
​​ကြွေ​ရေချိုးကန်​ကြီးနားမှာတကုပ်​ကုပ်​နဲ့အလုပ်​ရူပ်​
​နေတဲ့..သူမ....

"ဘာလုပ်​​နေတာလဲ..အသင်​...."

​နေ့အသံ​ကြောင့်..သူမက..ချာခနဲလှည့်ကြည့်လာသည်​။

"ရှင်​​ရောက်​လာပြီလား...အသင်​...ဒီမှာရှင်​​ရေချိုးဖို့
ပြင်​​ပေး​နေတာ..."

သူမစကား​ကြောင့်..​နေပြုံးမိသွားရကာ...သူမအနားကို
​လျှောက်​သွားလိုက်​ရင်း....

"ဘာလို့ကိုယ်​တိုင်​လုပ်​​နေတာလဲ..​မေနွမ်းလုပ်​မှာ​ပေါ့..."

"​မေနွမ်းက​ပြောတယ်​..ဒါ..အရင်​ကအသင်​ရှင့်အတွက်​.
လုပ်​​ပေး​နေကြတဲ့...အဲ့ဒါ​ကြောင့်..အသင်​စဉ်းစားပြီး
​သေချာပြင်​​ပေး​နေတာ...."

​ပြောလဲ​ပြောသူမက..ပန်းပွင့်ဖက်​​လေး​တွေပြည့်​နေတဲ့
​ရေ​တွေကို..လက်​နှင့်...နှစ်​ကြည့်ရင်း...

"​ရေကမပူမ​အေး​လေးဆို​တော့..အင်း..ရ​လောက်​ပါပြီ
ဘယ်​လို​နေလဲဟင်​...အသင်​ပြင်​​ပေးထားတာ..
အဆင်​​ပြေရဲ့လား...."

မှတ်​ညဏ်​​တွေပြန်​ရဖို့အတွက်​..တစ်​ကယ်​ကိုကြိုးစား
​နေရှာသည့်..သူမကို..​နေဂရုဏာသက်​စွာ..​ငေးကြည့်
​နေရင်းမှ...ပြုံးလိုက်​မိကာ..​ရေချိုးခန်း​ကြွေ​ဘောင်​​ပေါ်
တင်​ပါးလွှဲတက်​ထိုင်​လိုက်​ရင်း....​ရေ​တွေကို...
လက်​နှင့်..လျှပ်​​ဆော့လိုက်​ကာ...

"အင်း...အဆင်​​ပြေတယ်​..မင်းအရင်​ကလုပ်​​ပေး
​နေကြအတိုင်းပဲ...."

စေတန်ရဲ့သတို့သမီး ( Completed )Dove le storie prendono vita. Scoprilo ora