💜စေတန်ရဲ့သတို့သမီး💜
အပိုင်း(၂၁)
💜💜💜💜"အပြောကြီးတဲ့..မိန်းမ...ဒီထဲမှာတညလောက်
နေလိုက်...နင့်ကိုဘယ်သူလာကယ်မလဲဆိုတာ...
ကြည့်လိုက်ဦးမယ်...ဟွန့်..."ရွှေရုပ်...လက်ထဲမှာရှိနေတဲ့..အင်္သချေ့ရဲ့ဖုန်းကို
ဘထ္တရီဖြုတ်လိုက်ပြီး..ဆလင်းဘတ်အိတ်လေးထဲ
ထည့်လိုက်သည်။"ဒီမှာပဲ..နင့်ရဲ့heroကိုစောင့်နေလိုက်တော့.....
Bye..Bye...အသင်္ချေ..."စကားအဆုံး..ရွှေရုပ်အရောင်ရင့်ရင့်ဆိုးထားတဲ့
နူတ်ခမ်းတွေကို..တွန့်ပြုံးကာ..ချာခနဲလှည့်ထွက်လာ
ခဲ့သည်။"ဪ..ရွှေရုပ်အခုမှပြန်မှာလား..."
ထွက်ပေါက်ရှေ့မှာ..ရွှေရုပ်ကိုနူတ်ဆက်လိုက်တဲ့
လုံခြုံရေးဦးလေးကြီး..."ရွှေရုပ်...ပစ္စည်းကျန်ခဲ့လို့လာယူတာ.."
"ဟော..ခုနကလဲ..အသင်္ချေက..ဖုန်းကျန်ခဲ့လို့
လာယူတာတဲ့..ဒီနေ့ငါတို့သတင်းထောက်လေးတွေ
တယ်မေ့နေတာကိုး..ဟေး..ဟေး.."ဦးလေးကြီးကပြောလဲပြော..ကွမ်းချိုးတက်နေသည့်
သွားတွေပေါ်အောင်ရယ်သည်။ရွှေရုပ်..ဟန်မပျက်
ပြုံးလိုက်ရင်း..."အသင်က..ပြန်ထွက်သွားပြီလေ..."
"ဟေ...ဟုတ်လား..ဦးလေးတောင်မသိလိုက်ပါလား
ဪ...ဦးလေး..ကွမ်းထုပ်သွားယူနေတုန်း..
ထွက်သွားတာနေမယ်..""ဟုတ်လိမ့်မယ်...ရွှေရုပ်သွားတော့မယ်နော်...
ဦးလေး...""အေး..အေး..လူကုန်ပြီဆိုရင်..ဦးလေးလဲ......
မိန်းတွေချပြီး..တံခါးပိတ်လိုက်တော့မယ်.."ပြောရင်း..ရုံးထဲကိုလှမ်းဝင်သွားတဲ့..လုံခြုံရေး..
ဦးလေးကြီးကိုကြည့်ပြီး..ရွှေရုပ်လှစ်ခနဲပြုံးလိုက်သည်။
မိန်းက..ဂျာနယ်တိုက်အောက်ထပ်၊စတိုခန်းထဲမှာ
ချရမှာမို့..ရွှေရုပ်အပေါ်ထပ်ရုံးခန်းမှာပိတ်ထားခဲ့တဲ့
အင်္သချေ..အော်ဟစ်နေရင်တောင်..လုံခြုံရေးက
ကြားမှာမဟုတ်တာသေချာနေသည်လေ...
YOU ARE READING
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...