💞စေတန်ရဲ့သတို့သမီး💞
အပိုင်း(၃၉)
💜💜💜"မင်းကိုချစ်တယ်..အသင်္ချေ"
သူ့ထံက..အသင်မျှော်လင့်ခဲ့မိတဲ့စကားလေးတစ်ခွန်းက
အခုလိုမမျှော်လင့်ထားတဲ့အချိန်မှာ..သူ့နူတ်ဖျားက
ဖွင့်ဟဝန်ခံနေခဲ့လေပြီ...၊"ဒါအိပ်မက်လား..."
အိပ်မက်လား.တစ်ကယ့်လက်တွေ့အဖြစ်အပျက်လား
ဆိုတာတောင်မခွဲခြားနိုင်တော့တဲ့အထိ..အံ့ဩဖွယ်
ကောင်းလောက်အောင်..ခမ်းနားလွန်းနေတဲ့ဤ
အခိုက်အတန့်မှာ..အသင်..သူ့မျက်နှာကိုမော့ငေး
ကြည့်နေရုံကလွဲပြီး..ဘာမှမတုံ့ပြန်နိုင်ခဲ့ပေ...။"............."
နေ..ကျောက်ရုပ်လေးလိုမှင်သက်ငေးမောနေတဲ့
သူမကိုကြည့်ပြီး..နူတ်ခမ်းမှာအပြုံးသဲ့သဲ့ဖြစ်ထွန်း
ရသည်။"ဘယ်လိုလဲ..ချာတိတ်..ကိုယ့်ကိုဒီအတိုင်းပဲ..
ကြည့်နေတော့မှာလား..တစ်ခုခုပြန်မပြောတော့ဘူးလား"ထိုအခါမှ.သူမမျက်နှာလေးဖျပ်ခနဲအောက်ငုံ့သွားကာ...၊
"အသင်က..ဘာ..ဘာပြောရမှာလဲ..."
စိတ်လူပ်ရှားမူ့ကြောင့်ထင်သည်။သူမအသံလေးက
အက်ရှတုန်ခါနေသည်။နေ..သူမမျက်နှာလေးကို
မေးဖျားကနေ ပင့်မော့စေလိုက်ပြီး..မျက်လုံးချင်း
တမင်ဆုံအောင်စိုက်ကြည့်ပစ်လိုက်သည်။"မင်းသိချင်နေခဲ့တာမဟုတ်လား..ကိုယ်မင်းအပေါ်
ထားတဲ့ခံစားချက်တွေကို..က်ိုယ်အခုဝန်ခံနေတယ်လေ...""ရှင်..ဘာလို့ဒီလောက်မြန်မြန်ပြောင်းလဲသွားရတာ
လဲဟင်....ရှင်..အချစ်ဆိုတဲ့အရာကိုတစ်ကယ်
နားလည်ခံစားတတ်သွားတာလား..ဒါမှမဟုတ်..
အသင့်ကိုစိတ်ချမ်းသာစေချင်ရုံသက်သက်နဲ့တော့"အသင်..စကားကိုဆုံးအောင်မပြောပဲ..မျက်လုံး
လွှဲလိုက်မိသည်။ဒီလောက်ကတော့..အသင်မေးသင့်
တယ်ဟုထင်သည်။ချစ်တယ်ဆိုတဲ့စကားလေး
တစ်ခွန်းမှမပါပဲနဲ့တောင်..သူ့ကိုဘဝတစ်ခုလုံး..
ပုံအပ်ခဲ့တဲ့အသင့်အတွက်..သူ့ဆီက..အချစ်ကို
မျှော်လင့်ခဲ့မိတာမှန်ပေမဲ့....ပိုင်ဆိုင်ရယူလိုမူ့..
တစ်ခုထဲနဲ့. သူအချစ်လို့ခေါင်းစဉ်တပ်လိုက်မှာကိုတော့
အသင်တစ်ကယ်မလိုချင်ပါ...၊
YOU ARE READING
စေတန်ရဲ့သတို့သမီး ( Completed )
Romanceဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...