💞စေတန်ရဲ့သတို့သမီး💞
အပိုင်း(၇)
💞💞💞"ရှင်တို့ဘာတွေလာပြောနေကြတာလဲ..."
"မင်းကြည့်ရတာငါတို့ကိုမယုံတဲ့ပုံပဲ..ဟေ့ကောင်စိုးကြီး
စာချုပ်ပြလိုက်စမ်း...."ခေါင်းဆောင်ရဲ့အမိန့်ကြောင့်...စိုးကြီးဆိုသူက..
လက်ထဲမှာကိုင်ထားတဲ့စာချုပ်ကို...ဖြန့်ပြသည်။"ဒါ...ဒါဆို..."
"ဟုတ်တယ်...ဒီတိုက်ခန်းကအခုငါ့အပိုင်ပဲ...
အဲ့ဒါကြောင့်...မင်းပေးဖို့ကျန်နေတဲ့...တိုက်ခန်းလခတွေ
ငါ့ကိုပေးပြီးတော့...ဒီတိုက်ခန်းပေါ်ကနေဆင်းပေးရမယ်""ရှင်..."
အသင်...အံ့ဩပြီးဘာမှမပြောနိုင်ဖြစ်နေတော့...
ထိုလူကအသင့်ရှေ့တိုးလာသည်။"၃ရက်ပဲ...ကောင်မလေး...၃ရက်ပြည့်တာနဲ့...
မင်းကိုငါဒီတိုက်ခန်းပေါ်မှာမမြင်ချင်ဘူး....
အဲ့လိုမှမဟုတ်ရင်တော့...ငါ့အဆိုးမဆိုနဲ့...."ပုံစံတွေကိုကြည့်ရုံနှင့်...လူမိုက်တွေမှန်း...သိသာနေတဲ့
ထိုလူတွေ....ခြေသံခပ်ကြမ်းကြမ်းနဲ့..အသင့်ရဲ့
အခန်းထဲကနေထွက်သွားကြမှ...."မမဝင်း...မမဝင်းဆီ..ဖုန်းဆက်ရမယ်..."
အသင်...တိုက်ခန်းပိုင်ရှင်ကိုသတိရသွားကာ...
ဖုန်းခေါ်ဖို့ကြိုးစားပေမဲ့"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ...ဆက်သွယ်၍မရပါ..."
ဖုန်းထဲမှာထပ်ခါထပ်ခါကြားနေရသောအသံကြောင့်..
အသင်စိတ်ညစ်သွားရသည်။မမဝင်းရဲ့ယောကျာင်္းက
လောင်းကစားမက်သူတစ်ယောက်ဟုအသင်သိသည်။
အခုသူ့ရဲအကြွေးတွေကိုဆပ်ပေးရတာပဲနေမည်...။အဲ့ဒါထက်...လက်ထဲရှိသမျှပိုက်ဆံတွေကို...
သုံးလေးလအကြွေးကျန်နေတဲ့တိုက်ခန်းလခကိုပါ
ပေးပြီး...အိမ်ပေါ်ကဆင်းရရင်...အသင်ဘယ်သွား
နေရမလဲ...??အတွေးနဲ့ငိုချင်သွားရသည်။
"ဘာလို့...ငါဒီလောက်တောင်ကံဆိုးနေရတာလဲ..."
CZYTASZ
စေတန်ရဲ့သတို့သမီး ( Completed )
Romansဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတွေက...ကံကောင်းခြင်း အချစ်၊ပျော်ရွှင်မူ့စတာတွေကို...ကိုယ်စားပြုတယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြတယ်...