Zawgyi
တစ်ဖြည်းဖြည်းနှင့် အမြင်အာရုံများ
မှုန်ဝါးလာပြီး အသိစိတ်
လွတ်ချင်လာချိန်တွင် တံခါးဝက
အသံတစ်ခုက ပုံရိပ်ငယ်လေးအား
ခေါင်းပြန်ထောင်လာစေခဲ့သည်.."ရှေ့နေ ဟန်ငြိမ်းနေခြည်များလားမသိဘူးရှင့်...."
ပုံရိပ်လေးက အိပ်ချင်နေသော
မျက်လုံးများကို ပြန်ပွတ်သပ်လိုက်ကာ
မျက်မှန်ကောက်တပ်ပြီးကြည့်လိုက်ရာ
တွင်တော့ ခပ်နွမ်းနွမ်းဝတ်ဆင်ထားသောအမျိုးသမီးတစ်ဦးပင်..."ဟုတ်ပါတယ်ဗျ...ကျွန်တော်
ဟန်ငြိမ်းနေခြည်ပါ....ထိုင်ပါ...."ငြိမ်းက အရှေ့ရှိ ခုံကိုညွှန်ပြရင်း
ပြောလိုက်တော့ မိန်းမငယ်က
သူ့ရှေ့မှာလာထိုင်သည်...မျက်နှာကလည်းအနည်းငယ်ညှိုးနေသည်....
"ကျွန်တော်ဘာများကူညီပေးရမလဲမသိဘူးခင်ဗျ...."
ငြိမ်းက စကားစလိုက်မှ အမျိုးသမီးက
အနည်းငယ်လှုပ်ရှားလာပြီး"ရှေ့နေကြီးက အမှုလိုက်တဲ့နေရာမှာ
စိတ်စေတနာထားပြီး စိတ်ရောကိုယ်ပါ
နှစ်ပြီး ကူညီပေးတတ်တယ်လို့
ကျွန်မသူငယ်ချင်းတစ်ယောက်က
ညွှန်းပေးလိုက်လို့ လာခဲ့တာပါရှင်..."ငြိမ်း၏ မျက်နှာဖြူဖြူလေးနှစ်ဖက်မှာ
နီတက်သွားပြီး လုပ်နေကျလို
ဂုတ်ပိုးလေးကို ပွတ်လိုက်မိကာ"အာ...အဲ့လိုရယ်တော့မဟုတ်ပါဘူးဗျ..
ကျွန်တော်က တာဝန်အတိုင်းလုပ်တာပါ..."အမျိုးသမီးက မျက်နှာလေးငယ်နေတဲ့
ကြားကပင် အနည်းငယ်ပြုံးလိုက်ပြီး"ရှေ့နေကြီးက နာမည်ကျော်စောပါတယ်....ဒါကြောင့်ကျွန်မ
ယုံကြည်လို့ရမလားရှင်...."ချက်ချင်းဆိုသလို ပြန်လည်စိုးရိမ်နေသောအမူအရာနှင့် အမျိုးသမီးက
ပြောလာတော့ ရဲနေသော ပါးပြင်နှစ်
ဖက်ပိုင်ရှင်လေးမှာလည်း လေးနက်
သွားကာ
ВЫ ЧИТАЕТЕ
Любовные романыMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...